
ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ တူရကီစစ်တပ်က ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့ဝင် ၂၆ ဦးကို ညတွင်းချင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ အောက်တိုဘာ ၆ ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ အတည်ပြုပါတယ်။
ဒါဟာ တူရကီစခန်း တခုအပေါ် တိုက်ခိုက်မှုကို လက်တုံ့ပြန်ခဲ့တာဖြစ်သလို အန်ကာရာ မြို့တော်မှာလည်း ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် တပတ် နီးပါးအကြာမှာပဲ ပဋိပက္ခအခြေအနေ ပြင်းထန်လာခဲ့ပါတယ်။
အောက်တိုဘာ ၅ ရက်ညနေပိုင်းတုန်းက ဆီးရီးယားအနောက်မြောက်ပိုင်း၊ ဒါးဘစ်နယ်မြေမှာ ဆီးရီးယား-ကာ့ဒ် YPG ပြည်သူ့စစ်အဖွဲ့ရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုကြောင့် တူရကီရဲအရာရှိ ၁ဦး သေဆုံးကာ နောက်ထပ် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဆီရီးယားမြောက်ပိုင်းက ရေနံတွင်း တခု၊ သိုလှောင်ရုံခုနဲ့ ခိုလှုံရာ အဆောက်အအုံတွေ အပါအဝင် စစ်သွေးကြွပစ်မှတ် ပေါင်း ၃၀ ကို ဖျက်စီးပစ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေပါ သီးခြားဖော်ဆောင်ခဲ့တယ်လို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားပါတယ်။
အောက်တိုဘာ ၁ ရက်ကလည်း အန်ကာရာမြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲ တိုက်ခိုက်မှုကို ကာ့ဒ်အလုပ်သမားများပါတီ (PKK)က လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း တာဝန်ခံပြောဆိုပါတယ်။
အဲ့ဒီဖြစ်ရပ်အတွင်း တိုက်ခိုက်သူ ၂ ဦးသေဆုံးကာ ရဲအရာရှိ ၂ ဦး ထိခိုက်မိခဲ့တာကြောင့် တူရကီ ဘက်က ဆီးရီးယားမှ ရောက်လာသူတွေ ဖြစ်တယ်ဆိုပြီး စွပ်စွဲထားပါတယ်။ ဒါပေမဲ့လည်း ဒီပြောဆိုချက်အပေါ်မှာ ဆီရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF)အနေနဲ့ ငြင်းဆန်ထားပါတယ်။
Source/Photo-Reuters










