DVB Logo
Home
နိုင်ငံတကာ
ဥရောပအမြင့်ဆုံး မွန့်ဘလန့်တောင် အမြင့် ၂ မီတာ လျော့ကျ
DVB
·
October 6, 2023
ဥရောပအမြင့်ဆုံး မွန့်ဘလန့်တောင် အမြင့် ၂ မီတာ လျော့ကျ
Donate to DVB

အနောက်ဥရောပရဲ့  အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ မွန့်ဘလန့်ဟာ ၂ နှစ်အတွင်း အမြင့် ၂ မီတာ ဆုံးရှုံးခဲ့တာကြောင့် အနိမ့်ဆုံး အတိုင်းအတာအထိ လျော့ကျသွားတယ်လို့ အောက်တိုဘာ ၅ ရက်မှာ ပြင်သစ်ပညာရှင်တွေက အတည်ပြုပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ၂၂ နှစ်တုန်းက အတိအကျ တိုင်းတာမှုတွေ စတင်ခဲ့ပြီးနောက် ပိုမိုပူနွေးလာတဲ့ နွေရာသီအတွင်း နှင်းထုအရွယ်အစား လျော့နည်းလာတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

၂ နှစ်တကြိမ် စက်တင်ဘာလတိုင်း တိုင်းတာမှုတွေ ပြုလုပ်လေ့ရှိတဲ့ စစ်တမ်းကောက်သူများအဖွဲ့ဟာ လက်ရှိအချိန်မှာ ဒီတောင်ကြီးရဲ့ အမြင့်က ၄,၈၀၅ မီတာသာ ရှိတဲ့အတွက် ၂ ဒသမ ၂၂ မီတာအထိ နိမ့်ဆင်းသွားတာ ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲအတွင်း မှတ်ချက်ပေးပါတယ်။

ပြင်သစ် အဲလ်ပ်တောင်တန်းတွေရှိရာ ရှာမိုနီမြို့ငယ်လေးမှာ ဒီသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ နောက်ဆုံးတိုင်းတာခဲ့တုန်းက အမြင့် ၄,၈၀၇ မီတာအထိ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၀၁ ခုနှစ် စက်တင်ဘာလတုန်းက GNSS ဂြိုဟ်တုနဲ့အတူ ဒီတောင်ကြီးကို အတိအကျ တိုင်းတာမှုတွေ စတင်ပြုလုပ်ခဲ့ချိန်မှာတော့ ၄၀၁၀ မီတာအထိ မြင့်မားတယ်လို့ ဖော်ပြထားပါတယ်။

မွန့်ဘလန့်ရဲ့ ကျောက်သားတောင်ထိပ်ဟာ အမြင့် ၄,၇၉၂ မီတာ ရှိပေမဲ့လည်း စုစုပေါင်းအမြင့်ကတော့ နှင်းထုရဲ့ အရွယ်အစားအပေါ် မူတည်တယ်လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် ဒီတောင်ထိပ်အပေါ် ရွာသွန်းခဲ့တဲ့ မိုးရေတွေက နှင်းအဖြစ် ပြောင်းလဲသွားချိန်မှာ နွေရာသီအတွင်း အမြင့်ပေ တိုးလာမှုတွေ ရှိတယ်လို့ သိရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013