DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူတောင်သူများ ပြန်လွတ်ရေး သမ္မတနှင့်လွှတ်တော်ထံ တောင်းဆိုမည်
DVB
·
August 7, 2014
ကန့်ဘလူတောင်သူများ ပြန်လွတ်ရေး သမ္မတနှင့်လွှတ်တော်ထံ တောင်းဆိုမည်
Donate to DVB

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲက ဖမ်းဆီးတရားစွဲခံထားရတဲ့ တောင်သူ ၁၇၃ ဦး ပြန်လည်လွတ်မြောက်ရေးအတွက် ဥပဒေကြောင်းအရအပြင် နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်ထံ ကိုလည်း တောင်းဆိုပြီး အကူအညီပေးသွားဖို့ ရှိနေတယ်လို့ လယ်သမားတွေရဲ့ ရှေ့နေက ပြောပါတယ်။

[caption id="attachment_60934" align="alignright" width="664"]တပ်သိမ်းမြေထဲ ၀င်ရောက်ထွန်ယက်လို့ တရားစွဲဆို ထောင်ချခံထားရတဲ့ တောင်သူများ တရားရုံးတွင် တွေ့ရစဉ် တပ်သိမ်းမြေထဲ ၀င်ရောက်ထွန်ယက်လို့ တရားစွဲဆို ထောင်ချခံထားရတဲ့ တောင်သူများ တရားရုံးတွင် တွေ့ရစဉ်[/caption]ကန့်ဘလူမြို့နယ်ထဲရှိ ငှက်ပျောတိုင်၊ ထောက်ရှာအိုင်၊ ပေကြီး၊ ခအုန်းတာ စတဲ့ ကျေးရွာတွေက တောင်သူ ၁၇၃ ဦးကို ပုဒ်မ ၄၂၇ အကျိုးဖျက်ဆီးမှု၊ ၄၄၇ ပိုင်နက်ကျုးကျော်မှုတို့နဲ့ မြို့နယ် တရားရုံးက တရားစွဲဆိုထားတာဖြစ်ပြီး ဒီလယ်သမားတွေကို နည်းလမ်းသုံးသွယ်နဲ့ ကူညီပေးသွားမယ်လို့ တောင်သူတွေရဲ့ ရှေနေ ဦးသိန်းသန်းဦးက ပြောပါတယ်။

“ကျနော်အနေနဲ့က ရှေ့နေဖြစ်တဲ့အတွက် သူတို့ကို ဥပဒေအရ ခုခံမယ်။ နောက်တခါ ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်သူလယ်သမား အကုန်လုံးက သမ္မတကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်ထံ သနားခံစာ တင်ပေးမယ်။ နောက်တခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် သူကလည်း လွှတ်တော်မှာ မေးမြန်းပါလိမ့်မယ်။ မကြာခင် ကန့်ဘလူမှာ လယ်သမားတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်ဖို့ရှိပါတယ်။ နည်းလမ်း ၃ သွယ်နဲ့ လုပ်မှာပါ။”

အခု အမှုရင်ဆိုင်နေရတဲ့ တောင်သူ ၁၇၃ ဦးဟာ ဒုတိယအသုတ်ဖြစ်ပြီး ပထမအသုတ် တရားစွဲခံရတဲ့ တောင်သူ ၅၇ ဦးကိုတော့ ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့ပြင် ထောင်ချခံရတဲ့ လယ်သမားတွေကို ရွှေဘိုထောင်ကနေ မိသားစုနဲ့ ဝေးရာထောင်တွေဆီ ပြောင်းရွှေ့ခဲ့သလို တောင်သူတွေ ၀င်ရောက်စိုက်ပျိုးထားတဲ့ ပဲပြောင်းစိုက်ခင်းတွေကိုလည်း စစ်တပ်က ဖျက်ဆီးပစ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်ကတော့ ကန့်ဘလူ တောင်သူတွေအရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ လာရောက်ဖြေကြားခဲ့တာနဲ့ တကယ်ဖြစ်နေတာတွေ လွဲချော်နေတယ်လို့ ပြောပါတယ်။

“ဧက ၁၃၀၀၀ ကို သူတို့က တပ်ပြင်ပ စိုက်ပျိုးမြေဖြစ်တဲ့အတွက် ပြန်မပေးနိုင်ဘူးလို့ ဆိုတယ်။ ပြန်မပေးနိုင်ဘူးလို့ ဆိုပြီး မြေအစားပေးပါတယ်လို့ ပြောပါတယ်။ မြေဧက ၁၀၇၀၀ ကို ပေးတယ်လို့ ပြောတယ်။ အဲဒီပြန်ပေးတဲ့ မြေဧက ၁၀၇၀၀ ကလည်း အလွတ်မရှိဘူး။ အခြားတောင်သူတွေ လုပ်ကိုင်စားနေတဲ့ နေရာ။ နောက်တခါ ငှက်ပျောတိုင် ကျေးရွာကွင်းမှာရှိတဲ့ မြေဧက ၁၅၂၄ ဒသမ ၆ ဧက ကိုလည်း ပေးတယ်လို့သာ ပြောတာ ဘာမှ အတိအကျမသိရဘူး။ ဘယ်သူကမှလည်း လာမပြောဘူး။ နောက်တခါ သူတို့ဖြေထားတာက ကျန်မြေ ၉၆၄ ဒသမ ၄၀ ဧကကို အဲဒီအထဲမှာရှိတဲ့ တောင်သူတွေကို အခမဲ့စိုက်ပျိုးခွင့် ပေးထားတယ်လို့ပြောတယ်။ တောင်သူတွေကို သွားရောက်မေးမြန်းတဲ့အခါမှာ ဘယ်နေရာ ပေးလို့ ဘာတွေမှန်းကို မသိဘူး။ နောက်ပြီး ကျေးရွာမြေစီမံခန့်ခွဲမှု အသုံးချရေး ကောင်မတီကရော၊ မြို့နယ်ကရော ဘာတခုမှ ဒီကိစ္စမှ လာရောက် ရှင်းလင်းခြင်းလည်း မရှိဘူး။ နောက်ပြီးတော့ သူတို့ မြေသိမ်းစဉ်က မြေသိမ်း အက်ဥပဒေအရ ဘာတခုမှ ကြေညာတာလည်း မရှိဘူး။ လျော်ကြေးပေးခြင်းလည်း ဘာတခုမှ မရှိဘူး။ မတရားသိမ်းပြီးတော့ မတရားလုပ်ထားတာတွေ ဖြစ်တယ်လေ။ အခုတခါထပ်ပြီး တောင်သူတွေ ထောင်ကျပြန်ပြီ။”

ဒေသခံတောင်သူလယ်သမားများပိုင် မြေဧက ၁၃ဝဝဝ လောက်ကို ၁၉၉၁ ခုနှစ်တုန်းက စစ်တပ်က သိမ်းယူခဲ့ပြီး လက်ရှိမှာ တပ်မ ၃၃၊ ခမရတပ် ၁၆ နဲ့ ၁၃ က သီးစားတွေကို ထပ်ငှားထား တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013