DVB Logo
Home
မြန်မာသတင်း
ဆင်ဖြူရှင်ရဲဘက်စခန်းတိုက်ခိုက်ခံရပြီး ရဲ ၁ ဦးသေဆုံး၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းအချို့ ဒဏ်ရာရ
DVB
·
October 6, 2023
ဆင်ဖြူရှင်ရဲဘက်စခန်းတိုက်ခိုက်ခံရပြီး ရဲ ၁ ဦးသေဆုံး၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းအချို့ ဒဏ်ရာရ
Donate to DVB

တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ ထုံခါ‌ကျေးရွာရှိ  ဆင်ဖြူရှင်ရဲဘက်စခန်းကို အောက်တိုဘာ ၅ ရက် မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခံရလို့  ရဲတပ်ဖွဲ့ဝင် တယောက်သေဆုံးကာ ဦးစီးအရာရှိအပါအဝင် ဝန်ထမ်း ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အကျဥ်းထောင်နဲ့ နီးစပ်သူတဦးက "ပစ်ခတ်မှုက တနာရီနီးပါးကြာတယ်။ အကျဥ်းသားနှစ် ဦးလွတ်သွားတယ်။ ရဲတဦးသေတယ်။ လေးဦးဒဏ်ရာရတယ်"လို့ ပြောပါတယ်။

ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း(ထုံခါ)ကို လက်နက်ကိုင်ဆောင်သူတွေရဲ့  ပစ်ခိုက်တိုက်မှုကြောင့် လုံခြုံရေးရဲတပ်ရင်းမှ ရဲတပ် သားတဦး သေဆုံးကာ ဦးစီးအရာရှိ၊ တပ်ကြပ်၊ ဒုတပ်ကြပ်နဲ့ တပ်သားတဦး ဒဏ်ရာရရှိခဲ့တယ်လို့ အကျဥ်းဦးစီးဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

"လုံခြုံရေးတပ်ရင်းက ရဲတပ်သားတယောက်သေတယ်။ ဒဏ်ရာရတဲ့အထဲမှာ ဦးစီးအရာရှိက အခြေအနေမကောင်းဘူး။ ကျန်တာတွေက သိပ်မစိုးရိမ်ရဘူး။”

ဆင်ဖြူရှင်ရဲဘက်စခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး လက်နက်ကိုင်အဖွဲ့တွေ ပြန်သွားချိန်ကျမှ စစ်ကောင်စီတပ်တွေ ရောက်လာတဲ့အပေါ်  အကျဥ်းထောင်ဘက်က  ဝေဖန်မှုတွေလည်း ရှိပါတယ်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို  ကော်သူးလေအာမီ(KTLA)၊ ထီးစမယ်ရွာတပ်ရင်း၊ တပ်ခွဲ( ၄)နဲ့ ခွပ်ဒေါင်းစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့  KTLA  တနင်္သာရီ တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။

ဆင်ဖြူရှင်ရဲဘက်စခန်းမှာ အောက်တိုဘာ ၃ ရက်နေ့ မနက်က အကျဥ်းသားနှစ်ဦးကို အပြင်လွှတ် ပြီး နွားကျောင်းခိုင်းလို့  ထွက်ပြေးသွားတဲ့ကိစ္စလည်း စခန်းတာဝန်ရှိသူတွေ ဖြေရှင်းနေရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကလည်း ထားဝယ်အပျဥ်းထောင်မှာ ထောင်အရာရှိက ထောင်ဝန်ထမ်းနှစ်ဦးနဲ့ အကျဥ်းသားငါးဦးကို ထင်းသွားသယ်ခိုင်းရာက ဝန်ထမ်းနှစ်ဦး အသတ်ခံရပြီး အကျဥ်းသားငါးဦးထွက် ပြေးလွတ်မြောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013