DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းအလုပ်သမားများကို သွေးလွန်တုပ်ကွေး ပညာပေး
DVB
·
August 7, 2014
ရွှေ့ပြောင်းအလုပ်သမားများကို သွေးလွန်တုပ်ကွေး ပညာပေး
Donate to DVB

ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ နေထိုင်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေမှာ အဖြစ်များ တဲ့ သွေးလွန်တုပ်ကွေး ရောဂါ ပညာပေးလုပ်ငန်းတွေကို ထိုင်းနိုင်ငံ မဲဆောက်မှာ စတင်လုပ်ဆောင် နေပါတယ်။

နှစ်စဉ် ဒီသွေးလွန်တုပ်ကွေးရောဂါကြောင့် မဲဆောက် ဆေးရုံမှာ လူနာ ၁၀၀၀ လောက်နဲ့ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းမှာ လူနာ ၁၀၀၀ ၀န်းကျင် ကုသခံရနေရသလို လူနာအရေအတွက်က နှစ်စဉ်တိုးလာတဲ့အတွက် ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ရတာလို့ မယ်တော်ဆေးခန်းရဲ့ ဂျပန်အဖွဲ့ (JAM) က ပြောပါတယ်။

[caption id="attachment_61838" align="alignright" width="644"]မဲဆောက်ဈေးထဲမှာ ဖြန့်ဝေတဲ့ ကျန်းမာရေး လက်ကမ်းစာစောင် မဲဆောက်ဈေးထဲမှာ ဖြန့်ဝေတဲ့ ကျန်းမာရေး လက်ကမ်းစာစောင်[/caption]သင့်မိသားစုကို ကာကွယ်ပါဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်နေတဲ့ ဒီပညာပေးလှုံ့ဆော်မှုတွေဟာ မြန်မာ အလုပ်သမားတွေကို ဦးတည်လုပ်ဆောင်နေတာဖြစ်ပြီး ရေဒီယို၊ တီဗွီတွေကနေတဆင့်လည်း သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်ဖို့ ပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေနေတဲ့နေရာဟာ လူနေထူထပ်ပြီး တချို့နေရာတွေမှာ ရေ၀ပ်တဲ့နေရာတွေ ရှိနေသလို မကြာခဏဆိုသလို ရွှေ့ပြောင်းနေထိုင်နေရတဲ့အတွက် သွေးလွန်တုပ်ကွေး ရောဂါကို သယ်ဆောင်တဲ့ ခြင်အကိုက်ခံ နိုင်ချေပိုတဲ့အတွက် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ဖို့ အန္တရာယ်အများဆုံး ဖြစ်နေတယ်လို့ JAM က အိုင်းယက အခုလို ပြောပါတယ်။

“ရွှေ့ပြောင်းမြန်မာ အလုပ်သမားအများစုနေထိုင်တဲ့နေရာတွေမှာ သစ်ချုံဝါးချုံတွေ ရှိသလို သင့်တင်လျောက်ပတ်တဲ့နေရာတွေ မဟုတ်တဲ့အတွက် ထိုင်းအသိုင်းအ၀န်းထက် ပိုအန္တရယ်များပါတယ်။”

ထိုင်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က နှစ်ပေါင်း ၂၀ အတွင်း သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှု အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး လူပေါင်း ၁ သိန်း ၃ သောင်းကျော် ဒီရောဂါ ဖြစ်ပွားခဲ့ရာမှာ ၁၂၆ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းကျန်းမာရေးဌာနက ပြောကြားထားပါတယ်။

အခု ၂၀၁၄ ခုနှစ် ဇန်န၀ါရီလကနေ ဇူလိုင်လအထိ လူပေါင်း ၁၁၀၀၀ ကျော်ဖြစ်ပွားပြီး ၁၃ ဦး သေဆုံးခဲ့ကြောင်း၊ ဒါဟာ အရင်နှစ်ကထက် ၈၀ ရာခိုင်းနှုန်း လျော့နည်းကျဆင်းသွားတယ်လို့ ကျန်းမာရေးအရာရှိတွေက ဆိုပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကတဆင့် ကူးစက်တာဖြစ်ပြီး ကလေးငယ်တွေကို သေစေနိုင်တဲ့အထိ ဆိုးဝါးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ သတ်မှတ်ထားသလို ကမ္ဘာလူဦးရေတ၀က်ခန့်က ဒီသွေးလွန် တုပ်ကွေးရောဂါ အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013