DVB Logo
Home
အားကစား
၂၀၃၀ ကမ္ဘာ့ဖလားကို တိုက်ကြီး ၃ ခုရှိ  နိုင်ငံ ၆ နိုင်ငံ၌ ကျင်းပမည်
DVB
·
October 5, 2023
၂၀၃၀ ကမ္ဘာ့ဖလားကို တိုက်ကြီး ၃ ခုရှိ  နိုင်ငံ ၆ နိုင်ငံ၌ ကျင်းပမည်
Donate to DVB

၂၀၃၀ ပြည့်နှစ်မှာကျရောက်မယ့်  နှစ်၁၀၀ပြည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို မတူညီတဲ့ တိုက်ကြီးသုံးခုက နိုင်ငံခြောက်နိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၃၀ ပြည့်နှစ်က စတင် ကျင်းပခဲ့တာဖြစ်ပြီး ၂၀၃၀ ပြိုင်ပွဲက နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်ပြိုင်ပွဲ ဖြစ်လာမှာပါ။ 

၂၀၃၀ ကမ္ဘာ့ဖလားကို စပိန်၊ ပေါ်တူဂီနဲ့ မော်ရိုကို နိုင်ငံတွေက ပူးတွဲကျင်းပသွားဖို့ရှိပြီး အာဂျင်တီးနား၊ ဥရုဂွေးနဲ့ ပါရာဂွေးနိုင်ငံတွေကတော့ အဖွင့်ပွဲစဉ်သုံးပွဲကို လက်ခံကျင်းပဖို့စီစဉ်ထားပါတယ်။

တောင်အမေရိကတိုက်မှာ အဖွင့်သုံးပွဲကစားမယ့် အစီအစဉ်ဟာ ပထမဆုံးကမ္ဘာ့ဖလားကို တောင်းအမေရိကမြေမှာ စတင်ကျင်းပခဲ့တဲ့ အထိမ်းအမှတ်ဖြစ်တယ်လို့သိရပါတယ်။

ကမ္ဘာ့ဖလား တရားဝင် အိမ်ရှင်တွေကတော့ စပိန်၊ ပေါ်တူဂီနဲ့ မော်ရိုကိုနိုင်ငံတွေဖြစ်ပြီး  ဖွင့်ပွဲကိုလည်း အဲဒီနိုင်ငံတွေထဲက တစ်နိုင်ငံမှာကျင်းပမှာပါ။

ဒီ အချက်အလက်တွေကို ဖီဖာက ဥရောပ၊ တောင်အမေရိကနဲ့ အာဖရိကတိုက်တွေက ဘောလုံးအဖွဲ့ချုပ်တွေနဲ့ လျို့ဝှက်ဆွေးနွေးခဲ့ပြီး လက်ရှိအချိန်မှာထုတ်ပြန်လာခဲ့တာပါ။

အသေးစိတ်အချက်တွေကိုတော့ လာမယ့်နှစ်မှာကျင်းပမယ့် ဖီဖာညီလာခံမှာ ထုတ်ပြန် ကြေညာသွားမှာဖြစ်ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013