
အစ္စရေးက လက်ဘနွန်ကို အပြင်းအထန် တိုက်ခိုက်ခဲ့တာကြောင့် လူ ၂၅၀ ကျော် သေဆုံးခဲ့အပြီးမှာ အမေရိကန်နဲ့ အပြီးသတ်ငြိမ်းချမ်းရေးယူဖို့ ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ရာ ကျိုးကြောင်းမဆီလျော်တော့ဘူးလို့ အီရန်ဘက်က ထုတ်ပြန်ပါတယ်။
အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ကာလီဘတ်က ဒီအခြေအနေကို သတိပေးခဲ့တာပါ။ ဧပြီ ၇ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကြေညာခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးအပေါ် နှစ်ဖက်သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။
အစ္စရေးနဲ့ အမေရိကန်ကတော့ ဒီအပစ်ရပ်စာချုပ်မှာ လက်ဘနွန် မပါဝင်ဘူးလို့ ဆိုပါတယ်။ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ် ကလည်း အီရန်ဘက်က နားလည်မှုလွဲနေတယ်လို့ ရှင်းလင်းပါတယ်။
ထရမ့်ပ်က အီရန်အနေနဲ့ ယူရေနီယမ်သန့်စင်မှု ရပ်တန့်ဖို့ သဘောတူထားတယ်လို့ ပြောပေမဲ့ ကာလီဘတ်ကတော့ ဒါကို ငြင်းဆိုပါတယ်။
အီရန်ကို လက်နက်ရောင်းချတဲ့ ဘယ်နိုင်ငံကိုမဆို အခွန် ၅၀ ရာခိုင်နှုန်း တိုးကောက်မယ်လို့ သမ္မတ ထရမ့်ပ်က ခြိမ်းခြောက်ထားပါတယ်။
ဒီပဋိပက္ခတွေကြားမှာပဲ ကမ္ဘာ့ရေနံဈေးနှုန်းဟာ ၁၄ ရာခိုင်နှုန်းအထိ ထိုးကျသွားပြီး တစည်ကို ၉၅ ဒေါ်လာဝန်းကျင်မှာ ရှိနေပါတယ်။











