DVB Logo
Home
နိုင်ငံတကာ
ထိုင်ဝမ်လေဆိပ်၌ ဘိန်းဖြူ ၇၂ တောင့်မြိုချသယ်လာသူ ထိုင်းမွေထိုင်းလက်ဝှေ့ဆရာမ ဖမ်းဆီးခံရ
DVB
·
August 21, 2026
Photo: matichon
Photo: matichon
Donate to DVB

ထိုင်ဝမ်နိုင်ငံ၊ ကောင်းစုန်လေဆိပ်မှာ ဘိန်းဖြူ ၇၂ တောင့်ကို ဗိုက်ထဲမြိုချပြီး သယ်ဆောင်လာတဲ့ ထိုင်းအမျိုးသမီး မွေထိုင်းလက်ဝှေ့ဆရမတယောက် ဖမ်းဆီးအရေးယူခံထား ရတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ထိုင်းကနေ လေကြောင်းနဲ့ ဝင်လာမဲ့ ထိုင်းအမျိုးသမီးတယောက်ဟာ မူးယစ်ဆေးဝါးတွေ သယ် လာမယ်လို့ ကြိုတင်သတင်းရထားတာကြောင့် လေဆိပ်တာဝန်ရှိသူတွေဟာ ခရီးသည်တွေကို သတိ ထားစောင့်ကြပ်စစ်ဆေးနေခဲ့တယ်။

အဲဒီနောက် သံသယရှိတဲ့ ထိုင်းအမျိုးသမီးတယောက်ကို ခေါ်ယူစစ်ဆေးပြီး ဆေးရုံမှာ ဓာတ်မှန် ရိုက်ကူးရာမှာ သူ့ခန္ဓာကိုယ်ထဲမှာ အဖြူရောင်အလုံးလေးတွေ များစွာတွေ့ရှိပါတယ်။

သူဟာ အသက် ၃၅ နှစ်ရွယ်ရှိ  ထိုင်းလက်ဝှေ့( မွေထိုင်း ) နည်းပြဆရာမတယောက်ဖြစ်ပြီး ခန္ဓာကိုယ်အချိုးအစား သန်မာလှတာကြောင့် တာဝန်ရှိသူတွေက သူ့ကို ဆေးရုံမှာ အနီးကပ် ထိန်းချုပ်ထားပြီး ကျင်ကြီးစွန့်စေခဲ့တာမှာ ၁၀ ရက် အကြာမှာ အဝတ်နဲ့ပတ်ထားတဲ့ (ဆေးထောင့် ) စုစုပေါင်း ၇၂ တောင့် ထွက်ကျလာ ပါတယ်။

ဆေးတောင့်တွေထဲမှာ ဟီးရီုးအင်းတွေ ဖြည့်ထားပြီး ပေါက်ထွက်ခြင်းမရှိအောင် အဝတ်စနဲ့ ထပ်မံ ထုပ်ထားတယ်။ ဆေးတောင့် ၇၂ တောင့်မှာ ထိုင်းဘတ်ငွေ ၃,၇၀၀,၀၀၀ ခန့် တန်ဖိုးရှိ ဘိန်းဖြူ အလေးချိန် ၂၈၉ ဒသမ ၁ ဂရမ် ပါရှိတယ်လို့ ဆိုပါတယ်။ 

ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ဧပြီလကတည်းက ဖြစ်ပွါးခဲ့ပြီး သူ့ရဲ့ အမှုကို ထိုင်ဝမ်တရားရုံးက ဇူလိုင်လမှာ စတင်ကြားနာခဲ့တယ်။

မူးယစ်ဆေးဝါးမြိုချတာဟာ အသက်အန္တရာယ် အလွန်ကြီးမားတဲ့အတွက် ထိုင်ဝမ်သတင်းဌာနက ခုရက်ပိုင်းတွင် ဒီသတင်းကို ပြန်လည်ထုတ်လွှင့်တာလို့ ဆိုပါတယ်။

ထိုင်ဝမ်ဥပဒေအရ အခုလို မူးယစ်းဆေးဝါးတွေ ပြည်တွင်းကို သယ်ဆောင်လာတာဆိုရင် သေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်တသက် ကျခံရမှာဖြစ်တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

Source: 3Plus News / Matichon News  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013