DVB Logo
Home
မြန်မာသတင်း
အီးယူကို မြန်မာ ကျွန်းသစ်ခွဲသားတွေ ဥပဒေနဲ့ အညီ တင်ပို့နိုင်ဖို့ ပြင်ဆင်
DVB
·
August 7, 2014
အီးယူကို မြန်မာ ကျွန်းသစ်ခွဲသားတွေ ဥပဒေနဲ့ အညီ တင်ပို့နိုင်ဖို့ ပြင်ဆင်
Donate to DVB

မြန်မာ့ကျွန်းသစ်ခွဲသားတွေကို အီးယူဈေးကွက်က သံသယရှင်းရှင်းနဲ့ ၀ယ်ယူနိုင်ဖို့ အီးယူနဲ့ သစ်တောထွက်နိုင်ငံတွေအကြားမှာ တရားဝင်ထုတ်လုပ်တဲ့သစ်ဖြစ်ကြောင်း အာမခံတဲ့ VPA (Voluntary Partnership Agreements) အဖွဲ့ဝင်နိုင်ငံအနေနဲ့ မြန်မာကလည်း ပါဝင်လာဖို့ ရှိပါတယ်။

မြန်မာအစိုးရက ပြည်ပကို သစ်တင်ပို့တဲ့နေရာမှာ အလုံးလိုက်တင်ပို့မှုကို ယခုနှစ် ဧပြီလ ၁ ရက်ကစလို့ တရားဝင်ကန့်သတ်လိုက်တာကြောင့် ခွဲသားအနေနဲ့ ပဲ ပြည်ပကို တင်ပို့နေတာပါ။

teakမြန်မာ့ကျွန်းသစ်ခွဲသားတွေ အီးယူဈေးကွက်ဆီ တင်ပို့တဲ့နေရာမှာ တရားဝင်ထုတ်လုပ်တဲ့ သစ်ဖြစ်ကြောင်း ကိုယ်တိုင်အာမခံတဲ့စနစ်နဲ့ တင်ပို့ရတာ ဖြစ်ပါတယ်။

တကယ်လို့ မြန်မာက VPA (Voluntary Partnership Agreement) အဖွဲ့ဝင်နိုင်ငံ ဖြစ်လာမယ်ဆိုရင် အီးယူဈေးကွက်က မြန်မာ့ကျွန်းသစ်ခွဲသားတွေကို သံသယရှင်းရှင်းနဲ့ ၀ယ်ယူနိုင်မှာဖြစ်လို့ များစွာအကျိုးရှိတဲ့အကြောင်း မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဘာဘာချိုက ပြောပါတယ်။

မြန်မာက ဗွီပီအေအဖွဲ့ဝင်နိုင်ငံ ဖြစ်လာဖို့ မြန်မာနဲ့ အီးယူအစိုးရအဖွဲ့က သက်ဆိုင်ရာ အဆင့်မြင့်အရာရှိတွေကို နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် ဗွီပီအေအဖွဲ့ဝင်ဖြစ်လာဖို့က ကြားမှာ ကျော်ဖြတ်ရမယ့်အဆင့်တွေ ရှိတဲ့အတွက် အချိန်ယူရမယ်လို့ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးက ပြောပါတယ်။

အီးယူနဲ့ အီးယူအဖွဲ့ဝင်မဟုတ်တဲ့ သစ်ထုတ်နိုင်ငံတွေအကြား တရားဝင်ချုပ်ဆိုတဲ့ ဗွီပီအေ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ဟာ အီးယူကို တင်သွင်းလာတဲ့ သစ်တွေ ဥပဒေနဲ့ အညီ ထုတ်လုပ်ထားတယ်ဆိုတာ အာမခံချက်ရှိဖို့နဲ့ တရားမ၀င် သစ်ထုတ်လုပ်မှုတွေကို ရပ်တန့်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

အီးယူနဲ့ သစ်တောထွက်နိုင်ငံတွေအကြားမှာ တရားဝင်ထုတ်လုပ်တဲ့သစ် ဖြစ်ကြောင်း အာမခံတဲ့ ဗွီပီအေအဖွဲ့ဝင်တွေက လက်ရှိမှာဆိုရင် နိုင်ငံပေါင်း ၆ နိုင်ငံရှိတဲ့အနက် အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဆိုရင် အင်ဒိုနီးရှားနိုင်ငံ တခုပဲ ရှိပါတယ်။

မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတွေကတော့ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာဖို့ ဆွေးနွေးညှိနှိုင်းနေဆဲအဆင့်မှာပဲ ရှိပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013