DVB Logo
Home
နိုင်ငံရေး
တိုင်းရင်းသားခေါင်းဆောင်များ၏ ၈၈၈၈ အမှတ်တရစကား
DVB
·
August 7, 2014
တိုင်းရင်းသားခေါင်းဆောင်များ၏ ၈၈၈၈ အမှတ်တရစကား
Donate to DVB

လာမယ့် သြဂုတ် ၈ ရက်နေ့ဟာဆိုရင် ၈ လေးလုံးအရေးတော်ပုံ ပေါ်ပေါက်ခဲ့တဲ့ ၂၆ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

၈ လေးလုံးအရေးတော်ပုံ ပေါ်ပေါက်ခဲ့တဲ့ ၂၆ နှစ်ပြည့် နှစ်ပတ်လည်နေ့အပေါ် လိုင်ဇာတိုင်းရင်းသား လက်နက်ကိုင်ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့တဲ့ တိုင်းရင်းသား အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ အမှတ်တရစကားတွေကို စုစည်းပေးထားပါတယ်။

နိုင်ဟံသာ (မွန်ပြည်သစ်ပါတီ)

“၈ လေးလုံး အရေးအခင်းပေါ်လာတယ်ဆိုတာက လူထုအတွင်းမှာ မကျေနပ်မှု ကြောင့်ပေါ့နော်။ အခု အခြေအနေကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ရင် လူထုအတွင်းမှာ ပေါက်ကွဲလာနိုင်မယ့် အနေအထားမျိုး ရှိတယ်။ ဒါကြောင့် နိုင်ငံကို ဦးဆောင်နေတဲ့ အစိုးရပိုင်းကရော နိုင်ငံရေးအင်အားစုတွေ အားလုံးက နိုင်ငံကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ လူထုအားလုံး တညီတညွတ်တည်း ဖြစ်ရေး အဲဒီကနေ အေးချမ်းပြီးတော့ တိုးတက်ရေးကို အမြန်ဆောင်ရွက်ဖို့ သင့်တယ်။”

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း (ချင်းအမျိုးသားတပ်ဦး အဓိပတိကောင်စီဝင်)

“ရွေးကောက်ပွဲတွေ ရှိလာပြီ။ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရတွေ ရှိတယ်ဆိုပေမယ့် ၈၈ လို့ခေါ်တဲ့ ၈ လေးလုံးအရေးတော်ပုံကြီးဟာ အပြီးသတ် အောင်ပွဲမဆင်သေးဘူး။ အထူးသဖြင့် တိုင်းရင်းသားတွေရဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တိုက်ပွဲက လုံးဝကို မအောင်မြင်သေးဘူး။ ကျန်ရှိနေသေးတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ဒီမိုကရေစီရေး ဆိုတဲ့ ဒီ ၃ ခုက ဘယ်လိုမှ ခွဲလို့မရတဲ့ ဟာတွေဖြစ်တယ်။ ဒီ ၃ ခုစလုံး မရမချင်းက ၈ လေးလုံး အရေးတော်ပုံကြီး အောင်မြင်ပြီ၊ ပြီးဆုံးပြီလို့ သတ်မှတ်လို့ မရဘူး။”

ဦးရွှေမျိုးသန့် (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ၂)

“၈၈ အရေးတော်ပုံကြီးဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်ဖို့အတွက် အလွှာပေါင်းစုံမှာ ရှိတဲ့ ပြည်သူလူထုတရပ်လုံးက ဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့တဲ့ပွဲကြီး ဖြစ်တယ်။ အဲဒီအချိန်တုန်းက တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီစနစ် ယနေ့ရပြီလား ဆိုတော့ မရသေးဘူး။ ၈ လေးလုံးအရေးတော်ပုံနေ့ အခမ်းအနားမျိုးကို ဆက်လုပ် ပြုလုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြောင်းလဲမှုမှာ အထောက်အကူ ပြုနိုင်မယ်လို့ ပြောချင်ပါတယ်။”

ဒုတိယဗိုလ်မှူးကြီးကျော်ဟန် (ရခိုင်တပ်မတော်)

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ၈ လေးလုံးဟာ ဒီနေ့ ၈ လေးလုံး နေ့အထိ အားလုံးဟာ အတူတူပဲ ဖြစ်တယ်။ အဲဒါကြောင့် ပြည်သူရဲ့လိုလားချက်ဟာ ၈ လေးလုံးနေ့ တောင်းဆိုမှုနဲ့ ထပ်တူပဲဖြစ်တယ်။ ဒါကြောင့် ဒီနေ့ ကျရောက်မယ့် ၈ လေးလုံးနေ့ဟာလည်း ပြည်သူရဲ့ လိုလားချက်ကို အမှန်တကယ် ထပ်ဟပ်စေမယ့် ၈ လေးလုံးနေ့မျိုး ဖြစ်စေချင်တယ်။ ၈ လေးလုံး မျိုးဆက်တွေကလည်း ပြည်သူတွေ လိုလားတဲ့ ပြည်သူ့ဆန္ဒကို အမှန်တကယ် ဖော်ထုတ်ပေးတဲ့ မျိုးဆက်တွေ ဖြစ်စေချင်တယ်။”

ဗိုလ်မှူးစောလုံလုံ (ဒီကေဘီအေအဖွဲ့ဝင်)

“ကျနော်တို့ဟာ လမ်းစုံ လမ်းခွတခုမှာ ရောက်နေတာပေါ့နော်။ ဒီလမ်းစုံကနေ သွားနိုင်မယ်ဆိုရင် ၈၈ ခုနှစ်က လိုလားတဲ့ ဒီမိုကရေစီအရေးသာမကပဲ လက်ရှိပြဿ နာ ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားအရေးပါ တပါတည်း ပြေလည်သွားမယ့် အခြေအနေမှာ ရှိနေပါတယ်။”

၂၀၁၃ ခုနှစ် ဩဂုတ် ၈ ရက်နေ့ ကျရောက်ခဲ့တဲ့ ၂၅ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနားကိုတော့ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိတဲ့ မြန်မာကွန်ဗင်းရှင်း စင်တာမှာ ၃ ရက်တိုင်တိုင်ကျင်းပခဲ့ပြီး ပြည်တွင်းနဲ့ ပြည်ပရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေနဲ့ ဒီမိုကရေစီမိတ်ဆွေ အင်အားစုတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013