DVB Logo
Home
မြန်မာသတင်း
၄၃၆ ပြင်ရေးလက်မှတ် ၅ သန်းခန့် ရရှိ၊ ပြည်သူ့ဆန္ဒကို အလေးထားရန်လို
DVB
·
August 6, 2014
၄၃၆ ပြင်ရေးလက်မှတ် ၅ သန်းခန့် ရရှိ၊ ပြည်သူ့ဆန္ဒကို အလေးထားရန်လို
Donate to DVB

၂၀၀၈  ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လူထုဆီက ကောက်ခံရရှိတဲ့ ဆန္ဒပြုလက်မှတ်ပေါင်း ၅ သန်းနီးပါးရှိပြီး လွှတ်တော်အနေနဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ဆန္ဒကို အလေးထားဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မီဒီယာတွေနဲ့ ဒီကနေ့ တွေ့ဆုံ ရှင်းလင်းပြောကြားလိုက်ပါတယ်။

DSC01480 (Copy)ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို အဓိက အတားအဆီးအကန့်အသတ်ဖြစ်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းကော်မတီက တနိုင်ငံလုံးမှာ လက်မှတ်ကောက်ခံခဲ့ရာမှာ စုစုပေါင်းလက်မှတ် ၅ သန်းလောက်ရခဲ့တယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မေ ၂၇ ရက်နေ့ကနေ ဇူလိုင် ၁၉ ရက်နေ့ထိ ၂ လနီးပါးကြာ လုပ်ဆောင်ခဲ့တဲ့ ဒီလှုပ်ရှားမှုမှာ မြန်မာနိုင်ငံတ၀န်း မြို့နယ်ပေါင်း ၃၀၈ မြို့နယ်က လက်မှတ်ပေါင်း ၄ သန်း ၉ သိန်းကျော် (၄၉၄၁၉၉၈) ရခဲ့တာဖြစ်ပါတယ်။

ဒီအတွက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အလေးထားဖို့ လိုတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးကိုကိုကြီးက ပြောပါတယ်။

“ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အရေးပါမှုနဲ့ တဖက်သတ်ရေးဆွဲထားတဲ့ ကျနော်တို့ ဟောပြော ရှင်းပြ နိုင်ခွင့်ရတာဟာ အကြီးမားဆုံး အကျိုးအမြတ်လို့ ကျနော်မြင်ပါတယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို ပြည်သူတွေရဲ့ ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ထင်ထင်ရှားရှား ဘာသိလိုက်ရလဲဆိုတော့ ရာခိုင်နှုန်းကို အငြင်းပွားတာက တပိုင်း၊ ပြည်သူတွေကြားထဲမှာ ဖွဲ့စည်းပုံ  အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ အကျယ်တ၀င့် သိအောင် ဘာမှ ရှင်းပြခြင်းမရှိဘဲနဲ့ ပြည်သူတွေကို ဘာမှ မသိအောင် လုပ်ထားပြီးတော့ အဲဒီ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ကာလမှာ ၉၂ ရာခိုင်နှုန်းကျော် အတည်ပြုလိုက်တယ်ဆိုတာကို ဒီလှုပ်ရှားမှုတခုလုံးရဲ့ ရလဒ်အဖြစ်နဲ့ ထင်ထင်ရှားရှားပဲ ဖော်ထုတ်နိုင်ခဲ့ပါတယ်။”

ရရှိထားတဲ့ လက်မှတ်တွေဟာ မြို့နယ်အလိုက်စိစစ်ပြီးဖြစ်တဲ့အတွက် မှန်ကန်ပါတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်  ဦးဝင်းထိန်က ပြောပါတယ်။

ပြီးတော့ ၀န်ထမ်းနဲ့ တပ်မတော်သားတွေလည်း လက်မှတ်ရေးထိုးကြပေမယ့် အရေအတွက်တော့ နည်းပါတယ်လို့ သူက ဆက်ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကတော့ တချို့ မြို့နယ်တွေက လက်မှတ်တွေ ရောက်လာနေတုန်းဖြစ်တဲ့အတွက် လူထုဆန္ဒလက်မှတ်တွေကို လွှတ်တော်ဆီ  ဘယ်နေ့ တင်မယ်ဆိုတာ အတိအကျ မပြောနိုင်သေးဘူးလို့ ပြောပါတယ်။

ဒီလှုပ်ရှားမှုကနေ  မျှော်လင့်တာကို ဦးဉာဏ်ဝင်းက

“ဘယ်လောက်ဆိုတာကတော့ တော်တော်ပြောရခက်တယ် အန်ကယ်တို့က ကြိုးစားချက်ပဲ။ ဒီကြိုးစားချက်ကနေပြီးတော့ အန်ကယ်တို့ အနိမ့်ဆုံး မျှော်မှန်းထားတာဟာ ပုဒ်မ ၄၃၆ ကို အပြည့်မဟုတ်တောင် တချို့ဟာတွေ ပြင်လိမ့်မယ်။ ပြင်တာ အရင်ရလိမ့်မယ်လို့ အန်ကယ်တို့က တွက်တယ်။ ဒါခန့်မှန်းချေပေါ့နော်။”

ဒီလှုပ်ရှားမှုကြောင့်  ပုဒ်မ ၄၃၆ ကို မပြင်ဆင်ခဲ့ဘူးဆိုရင် ဘာဆက်လုပ်မယ်ဆိုတာ ကိုတော့ မပြောနိုင်သေးပါဘူးလို့ ဦးဥာဏ်ဝင်းက ဆက်ပြောပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေး လှုပ်ရှားမှုအတွက် မြို့ကြီးတွေမှာ   ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးမင်းကိုနိုင်တို့အပါအ၀င် အန်အယ်လ်ဒီပါတီနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ နယ်လှည့်ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပြီး  တချို့မြို့တွေမှာတော့ အကြောင်းအမျိုးမျိုးနဲ့ အနှောင့်အယှက်ပေးတာ၊ တရားစွဲဆိုခံထားရတာတွေရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
၄၃၆ ပြင်ရေးလက်မှတ် ၅ သန်းခန့် ရရှိ၊ ပြည်သူ့ဆန္ဒကို အလေးထားရန်လို