DVB Logo
Home
မြန်မာသတင်း
အာဆီယံ- အီးယူ အရပ်ဘက်ဖိုရမ်တွင်   စစ်ကောင်စီကို တက်ခွင့်ပြုသည့်အပေါ်  NUG ကန့်ကွက်
DVB
·
October 3, 2023
အာဆီယံ- အီးယူ အရပ်ဘက်ဖိုရမ်တွင်   စစ်ကောင်စီကို တက်ခွင့်ပြုသည့်အပေါ်  NUG ကန့်ကွက်
Donate to DVB

အောက်တိုဘာ ၃ ရက်မှာ စတင်ကျင်းပမယ့် ဥရောပသမဂ္ဂ- အာဆီယံ အရပ်ဘက် လူမှုအဖွဲ့အစည်းများဖိုရမ်ဆွေးနွေးပွဲမှာ အကြမ်းဖက်စစ်အုပ်စုကို ပါဝင်တက်ရောက်ခွင့်ပေးတဲ့ အပေါ်  ကန့်ကွက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဌာနက သဘောထားထုတ်ပြန်ပါတယ်။

ဒီဖိုရမ်ဆွေးနွေးကိုတော့ ဥရောပသမဂ္ဂ(အီးယူ)နဲ့ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်တို့ရဲ့ ပူးပေါင်းစီစဉ်မှုနဲ့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ “Advancing Human Rights: Creating an Enabling Environment for CSOs at the Regional Level” ခေါင်းစဉ်နဲ့ ကျင်းပတာဖြစ်ပါတယ်။

ဒီဖိုရမ်ကို တရားမဝင် အကြမ်းဖက်စစ်အုပ်စုကိုယ်စားလှယ်တွေကို ဖိတ်ကြားထားကြောင်း ကြားသိရတဲ့အတွက် အလွန်ပင်စိုးရိမ်ပူပန်မိကြောင်းလည်း NUG ရဲ့ အောက်တိုဘာ ၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

အဆိုပါဖိုရမ်ဟာ NUG အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ဥရောပသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ အထူးကိုယ်စားလှယ်အပါအဝင် ဥရောပသမဂ္ဂက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ်အပြီး ရက်ပိုင်းအတွင်း ကျင်းပတဲ့ ဖိုရမ်ဖြစ်ပါတယ်။

အဆိုပါ ခရီးစဉ်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာ့ဒီမိုကရက်တစ်အ ဖွဲ့အစည်းတွေ၊ NUG အစိုးရ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အမျိုး သားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်း တွေက ကိုယ်စားလှယ်တွေ၊ လူမှုအသိုင်းအဝိုင်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေပါဝင်တဲ့ လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲ တရပ်ကို စတင်ကျင်းပဖို့ အဆိုပြုခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့်မို့ ဥရောပသမဂ္ဂ (အီးယူ)နဲ့ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်တို့အနေနဲ့ စစ်မှန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို ပြုလုပ်ရာမှာ မြန်မာပြည်သူလူထုရဲ့ တရားဝင် ကိုယ်စားလှယ်တွေနဲ့သာ ကျင်းပဖို့  NUG အစိုးရအနေနဲ့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013