DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းကြောင့် အမေရိကန်နှင့် ဥရောပတို့စစ်ပန်းမည်ဟု ရုရှားပြော၊ ယူကရိန်းကို အီးယူက ယူရို ၅ ဘီလီယံ ကူညီမည်
DVB
·
October 3, 2023
ယူကရိန်းကြောင့် အမေရိကန်နှင့် ဥရောပတို့စစ်ပန်းမည်ဟု ရုရှားပြော၊ ယူကရိန်းကို အီးယူက ယူရို ၅ ဘီလီယံ ကူညီမည်
Donate to DVB

ယူကရိန်း ပဋိပက္ခကြောင့် စစ်ပန်းပြီး အင်အားကုန်ခမ်းတာတွေ အမေရိကန်နဲ့ ဥရောပမှာ ဖြစ်လာမယ်လို့ ယုံကြည်ထားတယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က အောက်တိုဘာ ၂ ရက်မှာ ပြောလိုက်ပါတယ်။

ယူကရိန်းအစိုးရအတွက် အကူအညီတွေကို ချန်လှပ်ထားတဲ့ မရှိသုံး ရန်ပုံငွေဥပဒေကြမ်းကို အတည်ပြုဖို့ အမေရိကန်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် အပေါ် ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီပဲ့စ်ကို့ဗ်က မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။

ယူကရိန်း ပဋိပက္ခအပေါ် သဘောထားကွဲလွဲမှုလို့ သူက နာမည်တပ်တဲ့ ကိစ္စရပ်တွေကြောင့် အနောက် နိုင်ငံတွေမှာ စစ်ပွဲပန်းတာတွေ ဖြစ်လာလိမ့်မယ်လို့ ရုရှားက ခန့်မှန်းထားတယ်လို့လည်း ပဲ့စ်ကို့ဗ်က ပြောခဲ့ပါတယ်။

ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒရေးရာ အကြီးအကဲ ဂျိုးဇက် ဘော်ရယ်က လာမယ့်နှစ်အတွက် ယူကရိန်းကို ထောက်ပံ့ရေးအကူအညီ ယူရို ၅ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၅ ဒသမ ၂၆ ဘီလီယံ) အထိ ပေးဖို့ အဆိုပြုခဲ့တယ်လို့ အောက်တိုဘာ ၂ ရက်မှာ ပြောလိုက်ပါတယ်။

“နှစ်မကုန်ခင်မှာ သဘောတူညီချက်တရပ်ရဖို့ မျှော်လင့်ပါတယ်" လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒမစ်ထရို ခူလ်ဘာနဲ့အတူ ကိယက်ဗ်မြို့မှာကျင်းပတဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောလိုက် တာပါ။

တနင်္လာနေ့က စလိုဗက်ကီးယား ရွေးကောက်ပွဲမှာ ရုရှား လိုလားတဲ့ သမ္မတလောင်းက အနိုင်ရပြီး အမေရိကန်အောက်လွှတ်တော်က ယူကရိန်းစစ်ပွဲအတွက် ထောက်ပံ့ ကူညီမှု ဥပဒေကြမ်းကနေ နုတ်ထွက်ခဲ့ပါတယ်။

အဲဒီနောက် ဥရောပသမဂ္ဂနိုင်ငံခြားရေး ၀န်ကြီးတွေဟာ အီးယူပြင်ပမှာ ပထမဆုံး တွေ့ဆုံတဲ့ တနင်္လာနေ့က အစည်းအဝေးအတွက် ယူကရိန်းမြို့တော် ကိယက်ဗ်မြို့မှာ တွေ့ဆုံ ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံအတွက် ထောက်ခံရာမှာ အီးယူက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆက်ရှိနေခဲ့တယ်လို့ ဘော်ရယ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ယူကရိန်းနိုင်ငံ ပြန်လည် တည်ဆောက်ရေးအတွက် အနောက်နိုင်ငံတွေမှာ ပိတ်ဆို့ သိမ်းယူထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို လွှဲပြောင်းခြင်းဆိုင်ရာ တရားစီရင်ရေး ကဏ္ဍတွေမှာ ပိုရှင်းရှင်းလင်းလင်း ရှိစေရေးအတွက် ယူကရိန်းနဲ့ အီးယူ နှစ်ဖက်စလုံးကို ကူညီပေးမယ်လို့ ခူလ်ဘာက ပြောပါတယ်။

ရုရှားပိုင်ဆိုင်မှုတွေကို လွှဲပြောင်းခြင်းဆိုင်ရာ တရားစီရင်ရေးကဏ္ဍတွေမှာ ပိုမိုရှင်းလင်း ပြတ်သားမှု ရှိရှိ ဆောင်ရွက်တာက အီးယူနဲ့ ယူကရိန်းတို့အတွက် အကျိုးရှိမယ်လို့လည်း  ခူလ်ဘာက ပြောခဲ့ပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013