DVB Logo
Home
မြန်မာသတင်း
အွန်လိုင်း ဈေးသည်များ  ကုန်ပစ္စည်းဈေးနှုန်းကို Chat Box မှ ပြောဆို ရောင်းချပါက အရေးယူမည်
DVB
·
October 3, 2023
အွန်လိုင်း ဈေးသည်များ  ကုန်ပစ္စည်းဈေးနှုန်းကို Chat Box မှ ပြောဆို ရောင်းချပါက အရေးယူမည်
Donate to DVB

အွန်လိုင်းစနစ်နဲ့ ဈေးရောင်းချမယ့်သူတွေအနေနဲ့ မှတ်ပုံတင်ပြီးပါက ရောင်းချတဲ့ကုန်ပစ္စည်း ဈေးနှုန်းကို CB (Chat Box) လာလို့ ပြောဆိုရောင်းချပါက  အရေးယူသွားမယ်လို့ စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားမှူး ဦးထက်ဝင်းအောင်က ပြောပါတယ်။

အောက်တိုဘာ ၂ ရက်က မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှာပြုလုပ်ခဲ့တဲ့ အွန်လိုင်းစနစ်နဲ့ ရောင်းချသူတွေ မှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းနဲ့  eComReg System စနစ် ဖွင့်လှစ်တဲ့ အခမ်းအနားမှာ အခုလိုပြောဆိုခဲ့တာပါ။

စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားမှူး ဦးထက်ဝင်းအောင်က “အွန်လိုင်း မှတ်ပုံတင်ပြီးမှ CB (Chat Box) လာဆိုလို့ရှိရင် စားသုံးသူ ကာကွယ်ရေး ဥပဒေအရရော၊ ဒီတားမြစ်ချက်အရရော အကျုံးဝင်ပြီးတော့ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာနိုင်တယ်။ ဒါကြောင့် CB လာလို့တော့မရဘူး " လို့ အခမ်းအနားမှာပြောပါတယ်။

အွန်လိုင်းစနစ်နဲ့ရောင်းချတဲ့ လုပ်ငန်းတွေ မှတ်ပုံတင်အသစ် လျှောက်ထားဖို့ https://www.ecomreg.gov.mm မှာ Login ဝင်ရောက်ပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

အဆင့်(၁)မှ (၃)ထိ လိုအပ်တဲ့အချက်အလက်တွေ ဖြည့်သွင်းပြီး Online Application ကျသင့်ငွေပေးသွင်းရမှာဖြစ်ကြောင်းနဲ့ ဌာနက လိုအပ်တဲ့အချက် အလက်တွေ စစ်ဆေးပြီး Approve ပြုလုပ်ပါက မှတ်ပုံတင်ကြေးကျသင့်ငွေပေးသွင်းနိုင်ပြီလို့  ဆိုပါတယ်။

လတ်တလောမှာ eComReg System နဲ့ မှတ်ပုံတင်နိုင်မယ့် လုပ်ငန်းအမျိုးအစားကို ကုန်စည်လုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်း ၂ ခု သတ်မှတ်ထားပြီး၊ ကုန်စည်လုပ်ငန်းမှာ အုပ်စု ၂၂ ခုနဲ့ ဝန်ဆောင်မှုလုပ်ငန်းမှာ အုပ်စု ၁၄ ခု ယာယီသတ်မှတ်ပေးထားတယ်လို့ ဆိုပါတယ်။

အွန်လိုင်း မှတ်ပုံတင်တဲ့စနစ်သစ်ကို အောက်တိုဘာ ၂ ရက်မှ ဒီဇင်ဘာလ ၃၁ ရက် အထိ Pilot Project စမ်းသပ်ကာလသတ်မှတ်ထားပြီး အဲ့ဒီကာလအတွင်း မှတ်ပုံတင်သူတွေအနေနဲ့ အွန်လိုင်းကြေးကျပ် ၃,၀၀၀ ပဲ ကောက်ခံသွားမယ်လို့ စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013