DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူ ၂ သန်းခန့် နေရပ်စွန့်ခွာ၊ တနိုင်ငံလုံးအနှံ့ မြေမြုပ်မိုင်းကြောင့် သေဆုံးမှုများ ရှိနေ
DVB
·
October 3, 2023
မြန်မာပြည်သူ ၂ သန်းခန့် နေရပ်စွန့်ခွာ၊ တနိုင်ငံလုံးအနှံ့ မြေမြုပ်မိုင်းကြောင့် သေဆုံးမှုများ ရှိနေ
Donate to DVB

မြန်မာလူဦးရေ ၂ သန်းနီးပါးဟာ မရေရာတဲ့ အခြေအနေတွေနဲ့ နေရပ်စွန့်ခွာတိမ်းရှောင် နေကြရပြီး လူမှုဘဝကယ်ဆယ်ရေးအကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA)က ထုတ်ပြန်ပါတယ်။

ဖြစ်ပွားဆဲပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် အိုးအိမ်စွန်ခွာထွက်ပြေးရသူ၊ အရပ်သားသေဆုံးမှုနဲ့ အရပ်သားပိုင်ပစ္စည်းပျက်စီးဆုံးရှုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေ ပြီးတော့ မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေကို ပိုမိုဆိုးရွား စေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ပေါက်ကွဲစေတတ်သောပစ္စည်းတွေရဲ့ အရပ်သားတွေအပေါ်ခြိမ်းခြောက်မှုက ပျံ့နှံ့လာနေပြီးတော့ နောက်ဆုံးရသတင်းအချက်အလက်တွေအရ မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာ နေပြည်တော်ကလွဲပြီးတော့ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်း တွေအားလုံးမှာ ဖြစ်ပေါ်နေတာကို ပထမဆုံးအကြိမ်အဖြစ် သိရှိရတယ်လို့ UNOCHA မြန်မာက ပြောပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေကလည်း များပြားလာတဲ့ လိုအပ်ချက်တွေကို တုံ့ပြန်ကူညီနိုင်ဖို့ အရှိန်မြှင့်ဆောင်ရွက်နေကြပြီး ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း လူဦးရေ ၁ ဒသမ ၈ သန်းကျော်ကို အကူအညီတွေ ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ ဝင်ရောက်ကူညီခွင့်ဆိုင်ရာနဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ အကန့်အသတ်တွေ ကြောင့် ကယ်ဆယ်ရေးအကူအညီ ပေးဖို့အတွက် စီစဉ်ကြိုးစားထားတာတွေကို ကြာ မြင့်စွာနှောင့်နှေးစေတာ၊ ဒါမှမဟုတ် ရွှေ့ဆိုင်းရတာတွေ ဖြစ်ပေါ်စေပြီး ဘေးဒဏ်ခံရသူတွေနဲ့ နေရပ်စွန့်ခွာရသူတွေကို ပိုမိုထိခိုက်ခံစားရစေတယ်လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။ 

လက်ရှိအချိန်အထိ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဥ်နဲ့ မိုခါမုန်တိုင်း တုံ့ ပြန်ကူညီရေး အရေးပေါ်ရန်ပုံငွေတောင်းခံလွှာ နှစ်ရပ်စလုံးမှာ ရန်ပုံငွေပြည့်မှီဖို့အတွက် များစွာလိုအပ်နေသေးပြီး စုစုပေါင်းလိုအပ်ချက်ရဲ့ ၂၈ ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းယူ ထားခဲ့တဲ့ ကာလဟာ ၂ နှစ်ခွဲနီးပါးထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းယိုယွင်းနေခဲ့တာပါ။

ဒါပေမဲ့ စစ်အုပ်စုက အရေးပေါ်ကာလ သက်တမ်းထပ်တိုးလိုက်ပြီး ဒီအခြေအနေအပေါ် ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံတွေက ပြင်းထန်စွာ စိုးရိမ်ပူပန်မိတယ်လို့ အသီးသီး ထုတ်ပြန်ထားကြပါတယ်။

စစ်အုပ်စုက အရေးပေါ်အခြေအနေ ကြေညာထားတာကြောင့် ရွေးကောက်ပွဲတွေ ကြန့်ကြာနေနိုင်တာကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုဆီ အမြန်ဆုံး ပြန်လည် ရောက်ရှိလာစေဖို့လည်း ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013