DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၂ နှစ်ခွဲခန့်အတွင်း သေဒဏ်ချခံရသူ ၁၅၅ ဦး ထိမြင့်တက်လာ
DVB
·
October 3, 2023
စစ်အာဏာသိမ်း ၂ နှစ်ခွဲခန့်အတွင်း သေဒဏ်ချခံရသူ ၁၅၅ ဦး ထိမြင့်တက်လာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၁၃၇ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၅,၁၉၈ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၆၁၅ ယောက် လက်ရှိချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၇,၆၁၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၂ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၅ ယောက် ရှိလာပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၅,၅၈၃ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီက ကောက်ယူထားတဲ့  သတင်းအချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးနောက် စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ အရပ်ဒေသတွေ၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီး စစ်ရာဇ၀တ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

အခုလအတွင်း အကြမ်းဖက်စစ်အုပ်စုက ချင်းပြည်နယ်၊ မင်းတပ်မြို့၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွေ အပါအဝင် နိုင်ငံတဝန်းမှာ လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

အလားတူ စက်တင်ဘာ ၂၇ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ကျေးရွာကို ဝန်းသိုမြို့အခြေစိုက် ခမရ ၁၀၂ တပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးကျည် ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကျေးရွာထဲက ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူ အယောက် ၂၀ နဲ့ ကျောင်းဆရာမ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သူတို့ထဲက ၆ ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ အေအေပီပီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013