DVB Logo
Home
နိုင်ငံတကာ
ဘဏ္ဍာရေးဆိုင်ရာ ယာယီဖြေရှင်းမှု ဥပဒေမူကြမ်းကို သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုး
DVB
·
October 2, 2023
ဘဏ္ဍာရေးဆိုင်ရာ ယာယီဖြေရှင်းမှု ဥပဒေမူကြမ်းကို သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုး
Donate to DVB

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဘဏ္ဍာရေးဆိုင်ရာ ယာယီဖြေရှင်းမှု ဥပဒေမူကြမ်းကို သန်းခေါင်ယံ သတ်မှတ်ချိန် မကုန်ဆုံးခင်မှာ တရားဝင် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန် ဖက်ဒရယ်အစိုးရရဲ့ တစိတ်တပိုင်း ပိတ်သိမ်းရနိုင်ခြေရှိခဲ့တဲ့အပေါ်မှာ ပွတ်ကာသီကာ ရှောင်လွဲနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ဘိုင်ဒင်က “အန္တရာယ်ကျရောက်လုနီးပါး အနေအထားကို ငြီးငွေ့စိတ်ပျက်နေပြီ” လို့  ပြောပါတယ်။

ဒါ့အပြင် အမေရိကန်အစိုးရရဲ့ အသုံးစရိတ်ဆိုင်ရာ ဆွေနွေးပွဲတွေ ပြုလုပ်ဖို့  ကြန့်ကြာနေတဲ့ အပေါ်မှာလည်း ဘိုင်ဒင်က ရီပတ်ဘလစ်ကန်တွေကို အပြင်းအထန် ဝေဖန်ရှုတ်ချခဲ့ပါတယ်။

စက်တင်ဘာ ၃၀ ရက်က အမေရိကန်နိုင်ငံရဲ့ ကွန်ဂရက်လွှတ်တော်မှာ ဒီမိုကရက်တစ် ပါတီဝင်တွေရဲ့ အများစု ထောက်ခံမှုအရ ဘဏ္ဍာရေးမူကြမ်းကို အတည်ပြုနိုင်ခဲ့ပါတယ်။

နှစ်ဖက်ပါတီ သဘောတူညီရမယ့် ဒီဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး သဘောထားတင်းမာတဲ့ ရီပတ်ဘလစ်ကန်ပါတီဝင်ရဲ့ အစောပိုင်း တောင်းဆိုမှုတရပ်ကို အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင် မက္ကာသီက ပြန်ရုပ်သိမ်းပေးခဲ့တာပါ။

ဆယ်စုနှစ်တခုအတွင်း ၄ ကြိမ်မြောက်အဖြစ် ဖက်ဒရယ်အစိုးရရဲ့ လုပ်ငန်းတွေ တစိတ်တပိုင်း ရပ်သွားတော့မယ့် ကိစ္စအပေါ် ရှောင်လွှဲနိုင်ဖို့အတွက် ဒီမိုကရက်အများစုဖြစ်တဲ့ အထက်လွှတ်တော်မှာ ၈၈-၉ မဲရလဒ်အရ ဒီမူကြမ်းကို အတည်ပြုနိုင်ခဲ့ပါတယ်။

လာမယ့် နိုဝင်ဘာ ၁၇ ရက်အထိ အမေရိကန်အစိုးရအတွက် ဘဏ္ဍာငွေဖြည့်တင်းပေးဖို့နဲ့ ပတ်သက်ပြီး အောက်လွှတ်တော်မှာပါ ၃၃၅-၉၁ မဲရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ဒီမိုကရက်တွေရဲ့ ထောက်ခံမှုက ရီပတ်ဘလစ်ကန် ပါတီဝင်တွေထက် ပိုမိုများပြားခဲ့ပါတယ်။

ဒီလို ဥပဒေပြဋ္ဌာန်းမှုဆိုင်ရာ အသေးစိတ်ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး နှစ်ဖက်ပါတီအကြား ဆွေးနွေးညှိနှိုင်းနိုင်ဖို့ အချိန်ဆွဲတဲ့အနေနဲ့ ယာယီဖြေရှင်းရေး အသုံးစရိတ်မူကြမ်းကို ကွန်ဂရက်လွှတ်တော်က ပုံမှန်အားဖြင့် အတည်ပြုပေးလေ့ ရှိပါတယ်။ အဲ့ဒီမူကြမ်းအရ အမေရိကန်ဖက်ဒရယ် အစီအစဉ်တွေအတွက် ၄၅ ရက်စာ ဘဏ္ဍာငွေရရှိမှာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013