DVB Logo
Home
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
မြန်မာပြည်က အထင်ကရ မြစ်တချို့ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်
DVB
·
August 6, 2014
မြန်မာပြည်က အထင်ကရ  မြစ်တချို့ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်
Donate to DVB

မြန်မာပြည်အတွင်း ကအထင်ကရ မြစ်တွေဖြစ်တဲ့ သံလွင်မြစ်၊ စစ်တောင်းမြစ်နဲ့ ပဲခူးမြစ်မှာ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်နေပြီး နောက်ထပ် ၄၈ နာရီအထိ စိုးရိမ်ရေအမှတ် အထက်မှာပဲ ဆက်လက်ရှိနေနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒမှ ညွှန်ကြားရေးမှူး ဒေါ်တင်ရီက ပြောပါတယ်။

bago2 flooding 05082014သံလွင်မြစ်ရေဟာ ဖားအံမြို့မှာ သြဂုတ် ၄ ရက်နေ့က စတင်လို့ စိုးရိမ်ရေအမှတ်အထက်ကို ရောက်ရှိခဲ့တာဖြစ်ပြီး ဒီနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်မှာတော့ အဲ့ဒီမြို့ရဲ့စိုးရိမ်ရေအမှတ်အထက် ၆ စင်တီမီတာကျော်လွန်နေပါတယ်။

စစ်တောင်းမြစ်ရေကတော့ ဒီနေ့နေ့လယ်မှာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် ၂၀ စင်တီမီတာမှာ ရောက်ရှိနေပါတယ်။

ပဲခူးမြစ်ကတော့ ဒီနေ့ သြဂုတ် ၆ ရက်နေ့မှ စိုးရိမ်ရေအမှတ်အထက်ကို စတင်ရောက်ရှိ လာတာဖြစ်ပြီး စိုးရိမ်ရေအမှတ်အထက် ၁ စင်တင်မီတာ ရှိတယ်လို့ ဆိုပါတယ်။

သံလွင်၊ စစ်တောင်းနဲ့ တချို့မြစ်တွေဟာ ဒီလိုမျိုး စိုးရိမ်ရေအမှတ် အထက်ကို နှစ်စဉ် သြဂုတ်လအတွင်း ရောက်လေ့ရှိပြီး အရမ်းကြီးမားတဲ့ မြစ်ရေကြီးမှုမျိုး မဟုတ်ကြောင်းဆိုပါတယ်။

ခုလက်ရှိမှာတော့ ပဲခူးတိုင်းဒေသကြီးက ပဲခူး၊ မဒေါက်၊ ရွှေကျင် ကရင်ပြည်နယ် ဖားအံမြို့တွေမှာ ရေကြီးတာတွေ ဖြစ်ပွားနေတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013