DVB Logo
Home
နိုင်ငံတကာ
အာမေးနီးယားနိုင်ငံသို့ ဒုက္ခသည် ၁ သိန်းကျော်ရောက်လာဟု ကုလပြော
DVB
·
October 2, 2023
အာမေးနီးယားနိုင်ငံသို့ ဒုက္ခသည် ၁ သိန်းကျော်ရောက်လာဟု ကုလပြော
Donate to DVB

နာဂေါ်နို-ခါရာဘတ်ခ်ဒေသကို ပြန်သိမ်းဖို့ အဇာဘိုင်ဂျန်စစ်တပ်ရဲ့ စစ်ဆင်ရေးပြီးကတည်းက အာမေးနီးယားနိုင်ငံဆီကို ဒုက္ခသည်တသိန်းကျော် ရောက်လာခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က အောက်တိုဘာ ၁ ရက်မှာ ပြောပါတယ်။

UNHCR က ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်ထဲမှာ ဒုက္ခသည်တွေက သူတို့ရဲ့ ပစ္စည်းတွေနဲ့အတူ ဘတ်စ်ကားတွေ စောင့်နေပုံကို ပြခဲ့ပါတယ်။ သူတို့အများစုဟာ အာမေးနီးယားတောင်ပိုင်း ရှူးညစ်ခ်ဒေသကို ရောက်လာတယ်လို့ UNHCR က ပြောပါတယ်။

နာဂေါ်နို-ခါရာဘတ်ခ် ခွဲထွက်ဒေသကို အဇာဘိုင်ဂျန်အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို ပြန်ရောက်စေတဲ့ အဇာဘိုင်ဂျန်အစိုးရရဲ့ လျှင်မြန်တဲ့ ထိုးစစ်အပြီးမှာ ခါရာဘတ်ခ်ဒေသတွင်းက အာမေးနီးယန်းလူမျိုး အယောက် ၁၂၀,၀၀၀ လောက်ရဲ့ အများစုဟာ အဇာဘိုင်ဂျန်က ဘေးကင်းရေးကတိတွေ ပေးထားတဲ့ကြားက နှိပ်စက်ညှဉ်းပန်းမှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်လာမှာ စိုးရိမ်လို့ အာမေးနီးယား နိုင်ငံဆီကို အစုလိုက်အပြုံလိုက် ထွက်ခွာလာကြပါတယ်။

နာဂေါ်နို-ခါရာဘတ်ခ် ဒေသကို အဇာဘိုင်ဂျန်နိုင်ငံရဲ့ အစိတ်အပိုင်းတခုအဖြစ် နိုင်ငံတကာက အသိအမှတ် ပြုထားပေမဲ့ ဆိုဗီယက်ပြည်ထောင်စု အစိတ်စိတ် အမွှာမွှာကွဲပြီး ပြိုလဲသွားတဲ့ သွေးထွက်သံယို လူမျိုးရေးပဋိပက္ခအပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးစုက အဲဒီဒေသမှာ အာမေးနီးယန်း ခရစ်ယာန်တွေက အဓိကအားဖြင့် နေထိုင်ကြပါတယ်။

ပြီးခဲ့တဲ့လက အဇာဘိုင်ဂျန်စစ်တပ်က ထိုးစစ်ဆင်ပြီးနောက် ဒေသတွင်းက အာမေးနီးယန်းလူမျိုးတွေ အစုလိုက်အပြုံလိုက် ထွက်သွားတဲ့ နာဂေါ်နို-ခါရာဘတ်ခ် ဒေသထဲကို ကုလသမဂ္ဂ မစ်ရှင်အဖွဲ့ အောက်တိုဘာ ၁ ရက်က ရောက်လာပါတယ်။

ကုလသမဂ္ဂ အကြီးတန်း အကူအညီပေးရေး အရာရှိတဦး ဦးဆောင်တဲ့ ဒီမစ်ရှင်ဟာ နှစ်ပေါင်း ၃၀ အတွင်း ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းက ဒေသတွင်း ပထမဆုံးဝင်ရောက်မှု ဖြစ်ပါတယ်။

အာမေးနီးယားအစိုးရကတော့ နာဂေါ်နို-ခါရာဘတ်ခ်ဒေသက အရပ်ဘက်စခန်းတွေကနေ အဇာဘိုင်ဂျန် တပ်ဖွဲ့ဝင်အားလုံးကို ရုပ်သိမ်းဖို့နဲ့ ကုလသမဂ္ဂကို ဝင်ရောက်ခွင့်ပေးဖို့ အဇာဘိုင်ဂျန်ကို အမိန့်ပေးရေး ကမ္ဘာ့တရားရုံးကို တောင်းဆိုထားပါတယ်။

နာဂေါ်နို-ခါရာဘတ်ခ် ဒေသကို အသွားအလာလုပ်နိုင်တဲ့ လာချင်စင်္ကြံလို့ခေါ်တဲ့ နယ်မြေအတွင်း လွတ်လွတ်လပ်လပ် သွားလာခွင့်ရှိစေရေး ခွင့်ပြုပေးဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံးလို့ လူသိများတဲ့ ကမ္ဘာ့တရားရုံးက အဇာဘိုင်ဂျန်နိုင်ငံကို ဖေဖော်ဝါရီလမှာ အမိန့်ပေးခဲ့ပါတယ်။

နာဂေါ်နို-ခါရာဘတ်ခ် ဒေသကနေ အိမ်နီးချင်း အာမေးနီးယားနိုင်ငံဆီ ပြောင်းရွှေ့ချင်သူတွေကို ပြောင်းရွှေ့ရေးလုပ်ငန်းစဉ် ပြီးဆုံးသွားပြီလို့ အာမေးနီးယားအစိုးရကို ကိုးကားပြီး ရုရှားအခြေစိုက် RIA သတင်းဌာနက တနင်္ဂနွေနေ့နှောင်းပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013