DVB Logo
Home
နိုင်ငံတကာ
အစိုးရ ရန်ပုံငွေ ဥပဒေကြမ်း အမေရိကန်အထက်လွှတ်တော် အတည်ပြု
DVB
·
October 1, 2023
အစိုးရ ရန်ပုံငွေ ဥပဒေကြမ်း အမေရိကန်အထက်လွှတ်တော် အတည်ပြု
Donate to DVB

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌနဲ့ ရီပတ်ဘလစ်ကန်အမတ် ကီဗင် မက်ကာသီက အသုံး စရိတ် ဖြတ်တောက်မှုတွေ ပြည့်နှက်နေတဲ့ ရန်ပုံငွေဆိုင်ရာ ဥပဒေမူကြမ်းကို ဒီမိုကရက်တစ်ပါတီက သောင်းသောင်းဖျဖျ ထောက်ခံမှုအရ စက်တင်ဘာ ၃၀ ရက်က အတည်ပြု လိုက်ပါတယ်။

ရီပတ်ဗလစ်ကင်ပါတီအတွင်း ရပ်တန့် ထားတဲ့ ရန်ပုံငွေဥပဒေကြမ်းနဲ့ ပတ်သက်လို့ သဘောထား တင်းမာသူတွေရဲ့ အစောပိုင်းတောင်းဆိုမှုတွေကို  မက်ကာသီက ရုပ်သိမ်းခဲ့တာပါ။

ဒီမိုကရက်တစ်ပါတီဝင် အများစုကြီးစိုးထားတဲ့ အထက်လွှတ်တော်က ဒီဥပဒေမူကြမ်းကို အတည်ပြု ပြီး သမ္မတ ဂျိုးဘိုင်ဒန်က ဥပဒေအဖြစ် အချိန်မီလက်မှတ် မထိုးနိုင်ခဲ့ရင် ဆယ်စုနှစ် တခုအတွင်း ပြည်ထောင်စုအစိုးရလုပ်ငန်းစဉ်တွေ စတုတ္ထအကြိမ်မြောက် တစိတ်တစ်ပိုင်း ပိတ်ကျသွား တာကိုရှောင်ဖို့ အချိန် နည်းနည်းပဲ ရှိပါတယ်။

မက်ကာသီဟာ ရီပတ်ဘလစ်ကန်ပါတီရဲ့ မဲတွေနဲ့သာ လွှတ်တော်ကို အတည်ပြုသင့်တယ်လို့ ပါတီတွင်း သဘောထားတင်းမာသူတွေရဲ့ အစောပိုင်းက အခိုင်အမာ ပြောဆိုမှုကို စွန့်လွှတ်ခဲ့တာပါ။

ဒါကြောင့် သူ့ကို ခေါင်းဆောင်မှု ရာထူးကနေ ဖြုတ်ချဖို့ သူ့အဖွဲ့ထဲက လက်ယာစွန်းအဖွဲ့ဝင် တဦးက ကြိုးစားတဲ့ အပြောင်းအလဲ တခု ဖြစ်ခဲ့ပါတယ်။

အောက်လွှတ်တော်က ရီပတ်ဘလစ်ကန် ပါတီဝင်တွေထက် ဒီမိုကရက်တွေက ပိုများများ ထောက်ခံခဲ့ပြီး အစိုးရကို နောက်ထပ် ၄၅ ရက်ကြာ ရန်ပုံငွေ ပေးဖို့ ထောက်ခံမဲ ၃၃၅ မဲ ကန့်ကွက်မဲ ၉၁ မဲ ပေးခဲ့ပါတယ်။ 

ဒီမိုကရက်ပါတီဝင်တွေကြီးစိုးတဲ့ အထက်လွှတ်တော်က အတည်ပြုပြီး သမ္မတ ဘိုင်ဒန်က ဥပဒေ အဖြစ် လက်မှတ်ရေးထိုးပြီးခဲ့ရင် အစိုးရရန်ပုံငွေကို ၄၅ ရက်အထိ တိုးမြှင့်ပေးမှာ ဖြစ်ပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013