DVB Logo
Home
နိုင်ငံတကာ
ဖူကူရှီးမား ရေဆိုး‌များကို ဒုတိယအကြိမ် ထုတ်လွှတ်မည်
DVB
·
October 1, 2023
ဖူကူရှီးမား ရေဆိုး‌များကို ဒုတိယအကြိမ် ထုတ်လွှတ်မည်
Donate to DVB

ဂျပန်နိုင်ငံဟာ  ဖူကူရှီးမား နျူကလီးယားစက်ရုံက ရေဆိုးတွေကို ဒုတိယအကြိမ်အဖြစ် လာမယ့် သီတင်းပတ် အောက်တိုဘာ ၅ ရက်မှာ စတင်ထုတ်လွှတ်မယ်လို့ ကြေညာထားပါတယ်။

ဩဂုတ် ၂၄ ရက်မှာ ဂျပန်နိုင်ငံဟာ   ရေဆိုးတန်ချိန် ၁ ဒသမ ၃၄ သန်းကို ပစိဖိတ်သမုဒ္ဒရာအတွင်းကို စတင် စွန့်ပစ်ခဲ့ပါတယ်။

"ပထမအကြိမ်ထုတ်လွှတ်မှုအပြီးမှာ စစ်ဆေးမှုတွေ ပြီးသွားပြီး  ဒုတိယအကြိမ် ထုတ်လွှတ်မှုကို အောက်တိုဘာ ၅ ရက်မှာ စတင်မယ်" လို့ TEPCO က စက်တင်ဘာ ၂၈ ရက်‌က ပြောကြားခဲ့ပါတယ်။

တိုကျိုရဲ့ လုပ်ဆောင်မှုဟာ အန္တရာယ်မရှိဘူးလို့ တိုကျိုက အခိုင်အမာ ပြောကြားခဲ့‌ပေမဲ့ ပထမ အကြိမ် ရေဆိုးထုတ်လွှတ်ပြီးနောက် စက်တင်ဘာ ၁၁ ရက်ကစပြီး  တရုတ်ဟာ ဂျပန်ပင်လယ်စာ တင်သွင်းမှု အားလုံးကို ပိတ်ပင်ခဲ့ပါတယ်။

ဂျပန်နဲ့ ဆက်ဆံရေး အေးခဲနေတဲ့ ရုရှားနိုင်ငံကလည်း ပင်လယ်စာ တားမြစ်ချက်ကို လိုက်နာဖို့ စဉ်းစားနေတယ်လို့သိရပါတယ်။

ပထမအကြိမ် ပစိဖိတ်သမုဒ္ဒရာအတွင်းကို ထုတ်လွှတ်ခဲ့တဲ့ ရေဆိုး စုစုပေါင်းတန်ချိန် ၁ ဒသမ ၃၄ သန်း ဟာ အိုလံပစ်ရေကူးကန် ၅၀၀ ကျော်နဲ့ ညီမျှပါတယ်။

TEPCO က ရေကို ဘေးကင်းတဲ့ အဆင့်မှာရှိတဲ့ ထရီတီယမ်ကလွဲပြီး  ရေဒီယို သတ္တိကြွ ဒြပ်စင်တွေ အားလုံးကို စစ်ထုတ်ထားတယ်လို့ ပြောကြားခဲ့ပြီး ကုလသမဂ္ဂ အဏုမြူအေဂျင်စီကလည်း ထောက်ခံ ထားပါတယ်။

ဘေဂျင်းနဲ့  ရင်းနှီးတဲ့ ဆက်ဆံရေး ရှိလာတဲ့ ဆော်လမွန်းကျွန်းရဲ့၀န်ကြီးချုပ် Manasseh Sogavare က ပြီးခဲ့တဲ့ သီတင်းပတ် ကုလသမဂ္ဂမှာ သမုဒ္ဒရာကို ရေမြောင်းလို အသုံးပြုနေတယ်လို့  စွပ်စွဲ ခဲ့ပါတယ်။

ထုတ်လွှတ်မှု ပြီးမြောက်ဖို့  ဆယ်စုနှစ်များစွာ ကြာမယ်လို့ မျှော်လင့်ရတဲ့ အဆိုပါ ထုတ်လွှတ်မှုဟာ ပျက်ကျနေတဲ့ ဓာတ်ပေါင်းဖိုတွေက  အန္တရာယ်များတဲ့ ရေဒီယိုသတ္တိကြွလောင်စာတွေနဲ့ အပျက်အစီး တွေကို စတင်ဖယ်ရှားနိုင်စေဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

"ပထမအကြိမ် လွှတ်ချတဲ့ကိစ္စအတိုင်းပဲ၊ ထရီတီယမ် အဆင့်တွေကို ဆက်လက် စောင့်ကြည့်သွားမယ်။ သိပ္ပံနည်းကျ အထောက်အထားတွေအပေါ် အခြေခံပြီး နားလည်ရလွယ်တဲ့ နည်းလမ်းတွေနဲ့ ပြည်သူတွေကို ဆက်လက် အသိပေးသွားမှာပါ" လို့ TEPCO က တာဝန်ရှိသူ Akira Ono က သတင်းထောက်‌ တွေကိုပြောကြားခဲ့ပါတယ်။

ဂျပန်ပင်လယ်စာတင်သွင်းမှုကို တရုတ်နိုင်ငံက တားမြစ်ထားပေမဲ့ တရုတ်သင်္ဘောတွေဟာ  ဂျပန်ကမ်းလွန်မှာ ငါးဖမ်းဆီးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

Source -CNA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013