DVB Logo
Home
သတင်းတို
အစိုးရ သတင်းနှင့်ဓာတ်ပုံများကို အီးမေးလ်ဖြင့်ပို့ရန် စီစဉ်နေဟုဆို
DVB
·
August 6, 2014
အစိုးရ သတင်းနှင့်ဓာတ်ပုံများကို အီးမေးလ်ဖြင့်ပို့ရန် စီစဉ်နေဟုဆို
Donate to DVB

Moiပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ သတင်းနဲ့စာနယ်ဇင်းလုပ်ငန်း၊ မြန်မာ့ သတင်းစဉ်က နေ့တိုင်းထုတ်နေတဲ့ အစိုးရသတင်းနဲ့ သတင်းဓာတ်ပုံတွေကို ပုဂ္ဂလိက သတင်းစာဂျာနယ်တိုက်တွေထံ အီးမေးလ်နဲ့ ပေးပို့ဖို့ စီစဉ်နေတယ်လို့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ညွှန်ကြားရေမှူး ဦးမြင့်ကျော်က ပြောပါတယ်။

သတင်းဌာနနဲ့ သတင်းစာ ဂျာနယ်တွေအနေနဲ့ အစိုးရသတင်းစာတွေမှာ မဖော်ပြခင် အစိုးရသတင်းတွေကို ကြိုတင်ရယူနိုင်အောင် စီစဉ်ပေးတာဖြစ်ပြီး သတင်းနဲ့ ဓာတ်ပုံတွေကို အခမဲ့ ပေးပို့ သွားမှာ ဖြစ်ပါတယ်။

သြဂုတ်လ ၁ ရက်က သမ္မတဦးသိန်းစိန်နဲ့ စာနယ်ဇင်းကောင်စီ(ယာယီ)တို့ တွေ့ဆုံတုန်း အစိုးရ၀န်ကြီးဌာနတွေ မီဒီယာက ဆက်သွယ်ရင် ပြန်လည်ဖြေကြားခြင်း မရှိတဲ့ကိစ္စ ထည့်သွင်း ဆွေးနွေးခဲ့ပြီးတဲ့နောက် ပြန်ကြားရေးက စီစဉ်လာတာ ဖြစ်ပါတယ်။

ပြန်ကြားရေးက ထုတ်ပေးမယ့် အစိုးရဌာနသတင်းတွေနဲ့ ပတ်သက်လို့ မီဒီယာက နောက်ဆက်တွဲ မေးခွန်းထုတ်ရင် ဖြေမှာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013