DVB Logo
Home
နိုင်ငံတကာ
အစိုးရကို ယာယီရန်ပုံငွေပေးရန် အဆိုပြုထားသည့် ဥပဒေကြမ်း အမေရိကန်အောက်လွှတ်တော်၌ ပယ်ချ
DVB
·
September 30, 2023
အစိုးရကို ယာယီရန်ပုံငွေပေးရန် အဆိုပြုထားသည့် ဥပဒေကြမ်း အမေရိကန်အောက်လွှတ်တော်၌ ပယ်ချ
Donate to DVB

အမေရိကန်အောက်လွှတ်တော်ရှိ သဘောထားတင်းမာတဲ့ ရီပတ်ဘလီကန်တွေဟာ အစိုးရကို  ယာယီ ရန်ပုံငွေ ပေးဖို့ သူတို့ ခေါင်းဆောင် အဆိုပြုထားတဲ့ ဥပဒေကြမ်းကို စက်တင်ဘာ ၂၉ ရက် က ပယ်ချခဲ့တာကြောင့် ဖက်ဒရယ်အေဂျင်စီတွေဟာ တနင်္ဂနွေနေ့ကစပြီး တစိတ်တပိုင်း ပိတ်ပစ်ရဖို့ သေချာသွားပါပြီ။

 လွှတ်တော်ကိုယ်စားလှယ်တွေ အချိန်ပိုယူ ညှိနှိုင်းနိုင်အောင် အစိုးရကို ရက်ပေါင်း ၃၀ ဘဏ္ဍာ ရံပုံငွေ ပေးထားဖို့ အစီအမံကို အောက်လွှတ်တော်က ၂၃၂ မဲ -၁၉၈ မဲနဲ့ ပယ်ချခဲ့တာပါ။ 

ဒီဥပဒေမူကြမ်းဟာ အသုံးစရိတ်ကို ဖြတ်တောက်ပြီးတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်လုံခြုံရေး ကန့်သတ်ချက်တွေကို ပြဌာန်းမှာဖြစ်ပြီး ဒီမိုကရက်တစ်ပါတီဝင် အများစုရှိတဲ့ အထက်လွှတ်တော်ကို ကျော်ဖြတ်ဖို့ အခွင့်အရေးနည်းပါးတဲ့ ရီပတ်ဘလီကန်တွေရဲ့ ဦးစားပေးလည်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အထက်လွှတ်တော်ဟာ နိုဝင်ဘာ ၁၇ ရက်အထိ အစိုးရကို ရန်ပုံငွေပေးဖို့ CR လို့ လူသိများတဲ့ ယာယီအသုံးစရိတ် ဥပဒေကြမ်းတရပ်ကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။

တကယ်လို့ အဲ့ဒီအချိန်မတိုင်ခင် သမ္မတဂျိုးဘိုင်ဒန်က တရားဝင် လက်မှတ်ရေးထိုးပေးနိုင်တဲ့ အသုံးစရိတ် ပက်ကေ့ချ်ကို ကွန်ဂရက်က အတည်မပြုပေးဘူး ဆိုရင် အမျိုးသားဥယျာဉ်ဌာနကို ပိတ်ထားရမှာဖြစ်ပြီး အမေရိကန် အစိုးရကြီးကြပ်ရေးအေဂျင်စီ ဖြစ်တဲ့ ငွေရေးကြေးရေးနဲ့ လဲလှယ်ရေးကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်း လှုပ်ရှားမှုအများစုကို ဆိုင်းငံ့ထားရမှာဖြစ်ကြောင်းနဲ့ တနင်္ဂနွေနေ့ အရှေ့ပိုင်းစံတော်ချိန် ၁၂ နာရီ ၁ မိနစ်မှာ စတင်မယ့် ဖက်ဒရယ်အလုပ်သမား ၄ သန်းအထိ လစာပေးရဖို့ကို အနှောင့်အယှက် ဖြစ်သွားမှာပါ။ 

ဒီပိတ်သိမ်းမှုဟာ ဆယ်နှစ်အတွင်း စတုတ္ထမြောက်ဖြစ်လာမှာ ဖြစ်ပြီး အလားတူ အငြင်းပွားမှုတခု ဖြစ်တဲ့ ဖက်ဒရယ်အစိုးရဟာ သူ့ရဲ့အကြွေးဒေါ်လာ ၃၁ ထရီလီယံပေါင်းကို ပြန်ဆပ်ဖို့ ပျက်ကွက်ပြီး ၄ လအကြာမှာ အခုပိတ်သိမ်းမှု ဖြစ်လာခဲ့ပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013