DVB Logo
Home
မြန်မာသတင်း
မြောက်ဦးတွင် ၄ နှစ်အရွယ် မိန်းကလေး ၁ ဦး အဓမ္မပြုကျင့်ခံရ
DVB
·
September 30, 2023
မြောက်ဦးတွင် ၄ နှစ်အရွယ် မိန်းကလေး ၁ ဦး အဓမ္မပြုကျင့်ခံရ
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်မှာ အသက် ၄ နှစ်အရွယ် မိန်းကလေးတယောက် စက်တင်ဘာ ၂၉ ရက်နေ့က အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဲဒီနေ့ နေ့လယ်ပိုင်းမှာ ဆင်ချဆိပ်ရပ်ကွက်နေ အသက် ၃၈ နှစ်အရွယ် ဇော်ဝင်းမောင် ဆိုသူက ကလေးငယ်ကို မုန့်ပေးမယ်လို့ လိမ်လည်ခေါ်ယူပြီး အဓမ္မ ပြုကျင့်ခဲ့တာဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“ကလေးကို မုန့်ဖိုးပေးပြီးတော့ ခေါ်သွားတာလို့သိရတယ်။ အဲဒီမှာ မြတန်းဆောင်း ဘုရားအနီးမှာ ကလေးကို အဝတ်အစားမဲ့တွေ့ရတာဖြစ်တယ်။ မိန်းမကိုယ်မှာလည်း သွေးတွေနဲ့ တွေ့ရတာဖြစ်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာ အဓမ္မမှုကျူးလွန်သူလို့ သံသယရှိသူ ဇော်ဝင်းမောင်ကို ရက္ခိုင့်တပ်တော် (အေအေ)က ဖမ်းဆီးစစ်ဆေးနေပြီး ကျူးလွန်ခံရတဲ့ မိန်းကလေးကတော့ မြောက်ဦး၊ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

အမျိုးသမီးအခွင့်အရေးလုပ်ရှားနေသူတယောက်က “သက်ငယ်အဓမ္မမှုဟာ အဆိုးရွားဆုံး ပြစ်မှုကျူးလွန်တာဖြစ်တယ်။ ရှေ့အရင်က ဒီလိုကျူးလွန်မှုတွေကို အရေးယူမှုတွေ အားနည်းတာကြောင့် အခုထိ ဒီလို လူမဆန်မှုတွေ ရှိနေကြသေးတာဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူ ပြစ်ဒဏ်တွေပေးသင့်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်ကလည်း ဘူးသီးတောင်မြို့နယ်၊ ကကျက်ဘက်ကံပြင်အုပ်စု၊ တပ်ရာ(တိုးချဲ့)ကျေးရွာမှာ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တယောက် အဓမ္မ ပြုကျင့်ခံခဲရပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်က ကျောက်ဖြူမြို့မှာ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ် တယောက်နဲ့ တောင်ကုတ်မြို့နယ်၊ ချောင်းသုံးခွကျေးရွာမှာ အသက် ၉ နှစ်ရွယ် မိန်းကလေးငယ်တယောက် အဓ္ဓမပြုကျင့် ခံခဲ့ကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013