DVB Logo
Home
မြန်မာသတင်း
စီးပွားရေးဗီဇာဖြင့် တရုတ်ကို ဝင်ခွင့် စပြုတော့မည်
DVB
·
September 30, 2023
စီးပွားရေးဗီဇာဖြင့် တရုတ်ကို ဝင်ခွင့် စပြုတော့မည်
Donate to DVB

တရုတ် - မြန်မာ နှစ်နိုင်ငံ အဝင်၊ အထွက်ကို မူဆယ်နယ်စပ်ကနေ အောက်တိုဘာ ၁ ရက်နေ့ကစပြီး နိုင်ငံကူးလက်မှတ် Business Visa (စီးပွားရေးဗီဇာ)နဲ့ စတင် ခွင့်ပြုတော့မယ်လို့ နယ်စပ်ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေ၊ ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

နယ်စပ်ဌာနဆိုင်ရာနဲ့ နီးစပ်သူတယာက်က “အခုဟာက Business Visa အတွက်ပဲ သူတို့ ခွင့်ပြုတာ။ ကျနော်တို့ တပ်မတော်နေ့ပြီး နောက်ပိုင်းလောက်ဆိုရင်တော့ MOU ထိုးပြီးလောက်တယ်။ Business Visa ပဲ။ ၁ ရက်နေ့ အစမ်းဖွင့်ကြည့်မှာ” လို့ ပြောပါတယ်။ 

လက်ရှိမှာတော့ တရုတ်ပြည်ဝင်ဖို့လူတွေဟာ မူဆယ်မှာသောင်တင်နေကြပြီး တကယ်တမ်း အောက်ခြေမှာ ဒုက္ခရောက်နေတဲ့သူတွေရဲ့ ပြဿနာကို မဖြေရှင်း ပေးနိုင်ဘူးလို့ နယ်စပ်ဒေသခံတယာက်က ပြောပါတယ်။ 

“Business Visa က တော်ရုံတန်ရုံ လျှောက်မှမလျှောက်နိုင်တာ။ ဗီဇာက လွယ်မှ မလွယ်တာ။ တကယ်တမ်းဆို ဒီ Business Visa ဆိုတာက တကယ့် စီးပွားရေးလုပ်ငန်း ရှင်ကြီးတွေ၊ ကုမ္ပဏီပိုင်ရှင်ကြီးတွေကိုင်တဲ့ ဟာလိုမျိုး။ ဗီဇာဆိုရင် ပိုဆိုးတာပေါ့။ အခုက ဘာမှ မထိရောက်တဲ့ Business Visa ကို အရင်ပေးမယ် လုပ်တယ်” လို့ သူက ရှင်းပြပါတယ်။

လုပ်ငန်းဗီဇာအတွက် Show Money ပြရမှာဖြစ်ပြီး ကောင်စစ်ဝန်ရုံး ဒါမှမဟုတ် သံရုံးမှာ ဗီဇာယူပြီးတော့ တရုတ်ဘက်ထဲ နေတာ ၁ လပြည့်သွားရင် ပြန်ထွက်ပြီး နောက်တခေါက် ဗီဇာ ပြန်လျှောက်ရမှာလို့ နယ်စပ် ကုန်သည်တယောက်က ပြောပါတယ်။ 

“အမှန်က လုပ်ရမှာက ဒီ Border Pass စာအုပ်ကိုဗျာ ကုမ္ပဏီတွေ လွတ်လွတ်လပ်လပ် ရအောင်လို့ လုပ်ပေးရမယ့်ကိစ္စကို။ အဲဒါကိုတော့ မလုပ်ပေးဘဲနဲ့ ဟို မရောင်ရာဆီလူး။ အဲဒီ Passport စာလုပ်ကလည်း လွယ်လွယ်ကူကူ လုပ်လို့ရတာ မဟုတ်ဘူး။ ဒီနှစ် အတွက်ကို လုံးဝ ခွဲတမ်း ကုန်သွားပြီ” လို့ သူက ပြောပါတယ်။ 

တရုတ်နယ်စပ်မှာ အလုပ်လုပ်နေတဲ့ မူဆယ်ဒေသခံ လူငယ်တယောက်ကတော့ နိုင်ငံကူးလက်မှတ်ကို ဩဂုတ်လကတည်းက လားရှိုးမှာ တိုကင်သွားယူတာ နောက်နှစ်မှ ရတယ်လို့ ပြောပါတယ်။ 

စီးပွားရေးလုပ်ငန်းအတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားလိုတဲ့သူတွေအနေနဲ့ ကုမ္ပဏီ မှတ်ပုံတင် မိတ္တူ ၁ စုံ၊ ပုံစံ (၆/၂၆) မူရင်းနဲ့ မိတ္တူ ၁ စုံ လိုအပ်ပြီး ရန်ကုန်၊ မန္တလေး၊ လားရှိုးမြို့တို့မှာရှိတဲ့ နိုင်ငံကူးလက်မှတ်စိစစ်ထုတ်ပေးရေး ရုံးတွေမှာ လျှောက်ထား ရယူနိုင်ကြောင်း မြန်မာနိုင်ငံသားများအတွက် ကောင်စစ်ရေးရာ ထောက်ပံ့ကူညီရေး အဖွဲ့က အသိပေးကြေညာစာ ထုတ်ပြန်ထားပါတယ်။ 

နိုင်ငံကူးလက်မှတ်ရယူပြီးနောက် ရန်ကုန်က တရုတ်သံရုံး ဒါမှမဟုတ် မန္တလေးက တရုတ် ကောင်စစ်ဝန်ချုပ်ရုံးတို့မှာ ဗီဇာလျှောက်ယူရမှာဖြစ်ပြီး တရုတ် - မြန်မာ နယ်စပ် ဂိတ်ပေါက် ကုန်းလမ်းကနေ ဝင်ရောက်မှာဖြစ်ကြောင်း တခါတည်းအသိပေးရမှာဖြစ်ပြီး ဗီဇာရရင် ကျယ်ဂေါင် - မူဆယ် သတ်မှတ်ထားတဲ့ ဂိတ်ပေါက်ကနေ တရုတ်နိုင်ငံထဲကို ဝင်ရောက်နိုင်မယ်လို့ ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။ 

ပထမဆုံးဗီဇာက တရုတ်နိုင်ငံထဲ ရက်ပေါင်း ၃၀ သာ နေထိုင်ခွင့်ပြုပြီး ရက်ပေါင်း ၃၀ ပြည့်သွားရင် ပြန်ထွက်လာပြီး  ဗီဇာ ပြန်လည်လျှောက်ထားရမယ်လို့ သိရပါတယ်။ 

ဒုတိယအကြိမ် နဲ့ တတိယအကြိမ်အထိ ဗီဇာသက်တမ်း ရက်ပေါင်း ၃၀ ပဲ ခွင့်ပြုပေးပြီး၊ နောက်အကြိမ်မှာတော့ အာမခံတဲ့ တရုတ်နိုင်ငံကုမ္ပဏီအပေါ် မူတည်ပြီး ဗီဇာသက်တမ်း ၃ လ ကနေ ၆ လ အထိ ရရှိနိုင်တယ်လို့ ဆိုပါတယ်။ 

ဗီဇာသက်တမ်း တိုးတာကို တယ်ဟုန်ခရိုင်၊ နိုင်ငံခြားသားများ ပြည်ဝင်၊ ပြည်ထွက် ကြီးကြပ်ရေးဗျူရိုဆီမှာ အာမခံပေးတဲ့ တရုတ်နိုင်ငံရဲ့ ကုမ္ပဏီထောက်ခံချက်တင်ပြပြီး လုပ်ဆောင်နိုင်မယ်လို့ သိရပါတယ်။ 

တရုတ် - မြန်မာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးတာကို အစိုးရချင်း (G to G) နဲ့ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မယ့် အဖွဲ့အစည်းတွေ (B to B) အဆင့်လိုက် ဆောင်ရွက်ပြီးနောက်မှ အလုပ်သမားဗီဇာ (PJ – Passport for Job)  နဲ့ တရုတ်နိုင်ငံဝင်ရောက်ခွင့် ရနိုင်မယ့်အချိန်ကို နောက်ပိုင်းမှာ ထုတ်ပြန်အသိပေးသွားမယ် လို့လည်း သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013