DVB Logo
Home
နိုင်ငံတကာ
ထိုင်ဝမ်က ဒေါ်လာ ၁ ဘီလီယံကျော်တန် ပြည်တွင်းထုတ် ရေငုပ်သင်္ဘော ပြသ
DVB
·
September 28, 2023
ထိုင်ဝမ်က ဒေါ်လာ ၁ ဘီလီယံကျော်တန် ပြည်တွင်းထုတ် ရေငုပ်သင်္ဘော ပြသ
Donate to DVB

ထိုင်ဝမ်အစိုးရဟာ ပြည်တွင်းမှာ ပထမဆုံး တီထွင်ထုတ်လုပ်တဲ့ ရေငုပ်သင်္ဘောကို စက်တင်ဘာ ၂၈ ရက်က ထုတ်ဖော်ပြသခဲ့ပါတယ်။

နောက်ထပ် ၂ နှစ်ကြာတဲ့အထိ စစ်မှုထမ်းဦးမှာ မဟုတ်ပေမဲ့ ဒီရေငုပ်သင်္ဘောဟာ ထိုင်ဝမ်ကျွန်းရဲ့ ကာကွယ်ရေးနဲ့ တရုတ်ရေတပ်ကို ဟန့်တားရေး အားကောင်းလာစေဖို့ ရည်ရွယ်တဲ့ စီမံကိန်းရဲ့ အဓိကခြေလှမ်း ဖြစ်ပါတယ်။

ထိုင်ဝမ်ကျွန်းကို သူ့ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာပြောထားတဲ့ တရုတ်က သူ့ အချုပ်အခြာ အာဏာကို အခိုင်အမာရရှိစေဖို့ နေ့စဉ်နီးပါး စစ်ရေးလေ့ကျင့်နေချိန်မှာ ထိုင်ဝမ် လက်နက်ကိုင် တပ်ဖွဲ့တွေကို ခေတ်မီတိုးတက်စေဖို့ ရည်မှန်းချက်ကြီးတဲ့ စီမံကိန်းတရပ်ရဲ့ အဓိက အစိတ်အပိုင်းတခုအဖြစ် ဒီရေငုပ်သင်္ဘော တီထွင်တည်ဆောက်ရေး အစီအစဉ်ကို သတ်မှတ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ သမ္မတ ဖြစ်လာကတည်းက သူတာဝန်ယူခဲ့တဲ့ အစီအစဉ်ကို စခဲ့တဲ့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ဟာ ထိုင်ဝမ်ရဲ့ ကာကွယ်ရေးစွမ်းရည်အတွက် သမိုင်းမှတ်တိုင် တခုအဖြစ် ပထမဆုံးအသုတ်ဖြစ်ပြီး နာဝှါလို့ နာမည်ပေးထားတဲ့ ရေငုပ်သင်္ဘောအသစ် ၈ စင်းကို နိုင်ငံတောင်ပိုင်း ကောင်းရှုံဆိပ်ကမ်းမြို့မှာ ကြာသပတေးနေ့က ပြသခဲ့ပါတယ်။

နာဝှါ ရေငုပ်သင်္ဘောတွေဟာ ၁၉၈၀ ခုနှစ်တွေတုန်းက နယ်သာလန်ကနေ ဝယ်ထားတဲ့ လက်ရှိရေငုပ်သင်္ဘောနှစ်စင်းနဲ့ ပေါင်းပြီး ၂၀၂၅ ခုနှစ်မှာ စတင်ဝန်ဆောင်မှုပေးမယ်လို့ ဆိုင်အင်းဝမ်က ပြောပါတယ်။

ပြည်တွင်းထုတ် ရေငုပ်သင်္ဘော အစီအစဉ်ဟာ နိုင်ငံအများအပြားက ကျွမ်းကျင်မှုနဲ့ နည်းပညာတွေအပေါ် အခြေခံ ရေးဆွဲထားပြီး သံတမန်ရေးအရ သီးခြားရပ်တည်နေရတဲ့ ထိုင်ဝမ်အတွက် အောင်မြင်မှုတရပ်ပါ။

ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူက ကျွန်းနားမှာ တရုတ်နိုင်ငံရဲ့ စစ်ရေး “grey zone” ဖိအားနည်းဗျူဟာကနေ ခြိမ်းခြောက်မှု တိုးမြင့်လာတာကို ရင်ဆိုင်နေရလို့ ထိုင်ဝမ်ဟာ ကာကွယ်ရေးကို အားကောင်းအောင် လုပ်ဆောင်ရမယ်လို့ တိုင်ပေမြို့တော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ထိုင်ဝမ်ဟာ ၂၀၂၇ ခုနှစ်မှာ ပြည်တွင်းထုတ် ရေငုပ်သင်္ဘော နှစ်စင်းထက်မနည်း ဖြန့်ကျက်ဖို့ မျှော်လင့်ထားပြီး နောက်ပိုင်းမှာ ဒုံးကျည်တွေ တပ်ဆင်ဖို့ မျှော်လင့်ထားတယ်လို့ အစီအစဉ်ရဲ့ အကြီးအကဲက အခုလမှာ ပြောခဲ့ပါတယ်။

စျေးနှုန်း ထိုင်ဝမ်ဒေါ်လာ ၄၉ ဒသမ ၃၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁ ဒသမ ၅၃ ဘီလီယံ) ရှိတဲ့ ပထမဆုံး ရေငုပ်သင်္ဘောဟာ အမေရိကန်အခြေစိုက် လော့ခ်ဟိဒ် မာတင် ကော်ပိုရေးရှင်းရဲ့ တိုက်ခိုက်ရေးစနစ်ကို သုံးထားပြီး အမေရိကန်လုပ် Mark 48 ဟဲဗီးဝိတ် တော်ပီဒိုတွေကို သယ်ဆောင်မှာပါ။

၂၀၂၄ နှစ်ကုန်ပိုင်းမှာ ရေတပ်ဆီမပို့ခင် လာမယ့်လ ပင်လယ်ရေကြောင်း စမ်းသပ်မှုမှာ ပါဝင်မှာလည်း ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013