DVB Logo
Home
မြန်မာသတင်း
ပီအာဆန့်ကျင်ဆန္ဒပြပွဲ ဦးဆောင်သူများကို ပုဒ်မ ၁၈ ဖြင့် တရားစွဲ
DVB
·
August 6, 2014
ပီအာဆန့်ကျင်ဆန္ဒပြပွဲ ဦးဆောင်သူများကို ပုဒ်မ ၁၈ ဖြင့် တရားစွဲ
Donate to DVB

ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး ပြည်မြို့မှာ အချိုးကျကိုယ်စားပြုစနစ် (ပီအာ) ဆန့်ကျင် ကန့်ကွက်တဲ့ ဆန္ဒပြပွဲ ဦးဆောင်သူ ၅ ဦးကို ပြည်မြို့မရဲစခန်းက ငြိမ်းချမ်းစွာ စုဝေးလှည့်လှည်ခွင့် ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ပါတယ်။

prသြဂုတ်လ ၄ ရက်နေ့က ပြည်မြို့ ပီအာစနစ်ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို နိုင်ငံရေး အင်အား စုတွေက လုပ်ဆောင်ခဲ့ကြ တာဖြစ်ပြီး ခွင့်ပြုချက်မရဘဲ ဆန္ဒပြ တယ် ဆိုပြီး ပြည်မြို့မရဲစခန်းက အမှုဖွင့်တာ ဖြစ်ပါတယ်။

အမှုဖွင့်အရေးယူခံရသူတွေကတော့ ဆန္ဒပြပွဲဦးဆောင်သူတွေဖြစ်တဲ့ ဦးဝဏ္ဏ၊ ဦးကျော်ဆန်း၊ ဦးမျိုးသူထွဋ်၊ ဦးကျော်နဲ့ ဦမောင်မောင်တိုးတို့ ဖြစ်ပြီး ဦးဝဏ္ဏက လူ့ဘောင်သစ်ပါတီကဖြစ်ပြီး ကျန်သူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖြစ်ကြပါတယ်။

ရဲစခန်းက သြဂုတ်လ ၅ ရက်နေ့ မနက်ပိုင်းမှာ လာရောက်ခေါ်ဆောင်အမှုဖွင့်တယ်လို့ ဦးကျော်ဆန်းက ပြောပါတယ်။

“ပြည်မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးမြင့်ကနေပြီးတော့ ကျနော်တို့ကို အထက်ကနေပြီးတော့ တရားစွဲဖို့ အမိန့်ကျတဲ့အတွက်ကြောင့် ပုဒ်မ ၁၈ နဲ့ အရေးယူကြောင်း၊ ကျနော်တို့ ၅ ယောက်ကို လာခေါ်ပါတယ်။ ဦးဆောင်တဲ့သူ ၅ ယောက်ပါ။ ရဲစခန်းမှာ ကိုယ်တိုင်ခံဝန်ယူခဲ့ပါတယ်” လို့ ပြောပါတယ်။

၂၀၁၄ သြဂုတ်လ ၁ ရက်နေ့မှာ တရားဝင် ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မြို့နယ်မှူးရုံးကို ဥပဒေနဲ့အညီ ခွင့်ပြုချက်တောင်းပေမယ့် နောက်တနေ့မှာ  ခွင့်ပြုချက်မပေးကြောင်း အကြောင်းပြန်ကြားတာကြောင့် မူလအစီအစဉ်အတိုင်း ဆန္ဒပြပွဲလုပ်ခဲ့တာလို့ ဦးကျော်ဆန်းက ပြောပါတယ်။

“သူတို့က ဘာစောဒက ပြထားလဲဆိုတော့ စည်းကမ်းချက်နဲ့မညီဘူး၊ ၅ ရက်ကြိုတင်ရမယ်လို့ ပြထားတယ်။ နောက်တချက်က ဆန္ဒထုတ်ဖော်မယ့်သူတွေဟာ ပဲခူးတိုင်းဒေသကြီးအတွင်းမှာ ပီအာစနစ် ထောက်ခံခြင်း၊ ဆွေးနွေးခြင်းများ မပြုလုပ်သေး၍ သော်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့အတွင်းမှာ ဆန္ဒထုတ်ဖော်ခြင်းများ မပြုလုပ်သင့်ကြောင်း၊ ပြည်မြို့နယ် လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကော်မတီမှ သုံးသပ်ရရှိပါသဖြင့် ဆိုပြီးတော့ လူကြီးမင်းတို့ရဲ့ လျှောက်လွာအား လက်မခံကြောင်းနဲ့ ပြန်လည်ပေးအပ်ကြောင်း အကြောင်းကြားပါသည်” တဲ့။

ဒီအမှုအတွက် ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ် တခုခုချမယ်ဆိုရင် ထောင်ဒဏ်ကိုသာ ရွေးချယ်မယ်လို့ ဦးကျော်ဆန်းက ပြောပါတယ်။

ဒီ ၅ ဦးအမှုကို တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က လိုက်ပါဆောင်ရွက်မှာပါ။ ဒီအမှုနဲ့ ပတ်သက်လို့ ဦးရောဘတ်စန်းအောင်က ဥပဒေကြောင်းအရ ခုလို ပြောပါတယ်။

“ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ ခွင့်ပြုချက်ကို မငြင်းပယ်ရပါဘူးလို့ အတိအလင်း ရှင်းလင်းထားပါလျက်သားနဲ့ အခုလို ငြင်းပယ်တယ်ဆိုတဲ့ဟာကတော့ ဥပဒေနဲ့ မညီဘူးလို့ ကျနော်တို့ကတော့ ယုံကြည်တယ်။ အဲဒီအတွက် တရားရုံးအဆင့်ဆင့်ကို သွားရဖို့ အခြေအနေ ရှိတယ်။”

“မဖြစ်သင့်ဘူးလေဗျာ။ ပြည်ထောင်စုလွှတ်တော်ကြီးကပဲ ဥပဒေကို ပြင်လိုက်ပြီးပြီပဲ။ ဘာဖြစ်လို့ အောက်ခြေက မလိုက်နာနိုင်ရသလဲ” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013