DVB Logo
Home
မြန်မာသတင်း
စင်းလုံးငှား လူနာတင်လေယာဉ် ၀န်ဆောင်မှု မြန်မာနိုင်ငံတွင် စတင်မည်
DVB
·
August 6, 2014
စင်းလုံးငှား လူနာတင်လေယာဉ် ၀န်ဆောင်မှု မြန်မာနိုင်ငံတွင် စတင်မည်
Donate to DVB

မြန်မာနိုင်ငံမှာ လူနာတင်လေယာဉ်ဝန်ဆောင်မှုလုပ်ငန်းကို ထိုင်းနဲ့ မြန်မာကုမ္ပဏီတွေ ပူးပေါင်း လုပ်ဆောင်ဖို့ ရှိနေပြီး ပြည်တွင်းမှာ လာရောက် ရင်းနှီမြှုပ်နှံတဲ့ နိုင်ငံခြား ကုမ္ပဏီတွေကြောင့် ဒီလုပ်ငန်းဟာ အနာဂတ်မှာ အရေးပါတဲ့ ဈေးကွက်တခု ဖြစ်လာမယ်လို့ Myanmar MJETS Business Aviation Centre က စီမံခန့်ခွဲရေးဥက္ကဋ္ဌက ပြောပါတယ်။

MJets_CJ3ပြည်တွင်းက Myanmar MJETS Business Aviation Centre က စင်းလုံးငှားလေယာဉ်ဝန်ဆောင်မှုနဲ့ လူနာတင်လေယာဉ်ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ထိုင်းနိုင်ငံက ပုဂ္ဂလိကပိုင် လေကြောင်းကုမ္ပဏီတခုဖြစ်တဲ့ ထိုင်း အမ်ဂျေအီးတီအက်စ် (MJETS) နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးထားပြီး ဖြစ်တယ်လို့ အဆိုပါဝန်ဆောင်မှုလုပ်ငန်းက စီမံခန့်ခွဲရေး ဥက္ကဋ္ဌ ဦးအုန်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံကို ၀င်ရောက်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကြောင့် လုပ်ငန်းပိုင်းဆိုင်ရာ အကြီးအကဲတွေရဲ့ ကျန်းမာရေးဆိုင်ရာအာမခံစနစ်ကို အထောက်အကူ ဖြစ်စေဖို့ ပြည်တွင်းမှာ လူနာတင်လေယာဉ်ဝန်ဆောင်မှုလုပ်ငန်းကလည်း အရေးပါတဲ့ဈေးကွက် တခု ရှိလာမယ်လို့ ဆိုပါတယ်။

“ရေနံကုမ္ပဏီတွေ ရှိတယ်လေ။ အဲဒီ ရေနံကုမ္ပဏီတွေအကုန်လုံးက အာမခံကြေး ပါတာကိုး။ ရေနံကုမ္ပဏီတွေအကုန်လုံးက တခုခုဖြစ်လို့ရှိရင် ကျနော်တို့ဆီရောက်လာတယ်။ အဲဒါက အဲဒီပိုက်ဆံတွေ အကုန်လုံးက အာမခံကြေးကုမ္ပဏီကို ပေးရတယ်။ အဲဒီတော့ ဒါကြီး အခု တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်နေတဲ့ ဥပမာ - အော်ရီဒူးတို့ တယ်လီနော်တို့ ကုမ္ပဏီကြီတွေ၊ ရေနံ ကုမ္ပဏီတွေ ကမ်းလွန်တွေ ကုန်းတွင်းတွေ အဲဒီမှာ လာသမျှ ရင်းနှီးမြှုပ်နှံသူတွေ များလေလေ ဒီဈေးကွက်ကြီးက ကြီးလေလေပဲ။ အထူးသဖြင့် သူတို့ဆီက စီအီးအိုတွေ ဆိုရင် ငှားစီးကြတာ များတယ်။ အဲဒီတော့ ဒီဈေးကွက်က ရှိနေမှာပဲ။ ”

ဒီပြင် Myanmar MJETS Business Aviation Centre က မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာတဲ့ နိုင်ငံခြားသားပိုင် ကိုယ်ပိုင်လေယာဉ်ငယ်တွေအတွက် ရန်ကုန် နိုင်ငံတကာလေဆိပ် အဆောက်အအုံကို အသုံးပြုရန် မလိုဘဲ သီးသန့်နားနေ ထွက်ခွာနိုင်တဲ့ ၀န်ဆောင်မှုလုပ်ငန်းကိုလည်း စီစဉ်ထားတယ်လို့ ဦးအုန်းမြင့်က ပြောပါတယ်။

“လေယာဉ်ပျံတစီးမှာ အလွန်ဆုံးပါရင် ခရီးသည် ၁၀ ယောက်ပေါ့။ အဲဒီလို ရှိတဲ့အခါကျတော့ အန်ကယ်တို့ရဲ့ သီးသန့်နားနေ ထွက်ခွာနိုင်တဲ့ ၀န်ဆောင်မှုလုပ်ငန်းကို သုံးပြီးထွက်သွားတယ်။ အဲဒီလို ထွက်ဖို့ရာလည်း လူကြီးတွေက ကျနော်တို့ကို ယုံကြည်တဲ့အတွက်ကြောင့် ဂိတ်ဖွင့်ပေးတာပေါ့နော်။ အဲဒီဂိတ်မှာ အိတ်စရေးစက်တွေရှိတယ်၊ အကောက်အခွန် အရာရှိတွေ လာစောင့်ပေးတယ်။ လူဝင်မှုကြီးကြပ်ရေးတွေ ရှိတယ်။ တနေရာတည်းမှာ လာစောင့်ပေးတယ်။ အဲဒီတော့ ပုဂ္ဂလိက လာတဲ့သူတွေအတွက် အဆင်ပြေတာပေါ့။ သက်တောင့်သက်သာနဲ့ အ၀င်အထွက်လုပ်လို့ ရတာပေါ့။ ”

ပြည်တွင်းက လုပ်ငန်းရှင်တွေအတွက်လည်း ဘန်ကောက်နဲ့ စင်ကာပူနိုင်ငံတွေဆီ သွားရောက်လည်ပတ်ဖို့နဲ့ ဆေးကုသဖို့အတွက် စင်းလုံးငှားလေယာဉ်ဝန်ဆောင်မှုနဲ့ လူနာတင် လေယာဉ် ၀န်ဆောင်မှုလုပ်ငန်းတွေကို ပေးသွားမယ်လို့ သူကဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013