DVB Logo
Home
မြန်မာသတင်း
လုပ်အားခ ၂၅ ရာခိုင်နှုန်း အခွန်ဆောင်ရမည့်အပေါ်  ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများ ကန့်ကွက် ဆန္ဒပြ 
DVB
·
September 26, 2023
လုပ်အားခ ၂၅ ရာခိုင်နှုန်း အခွန်ဆောင်ရမည့်အပေါ်  ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများ ကန့်ကွက် ဆန္ဒပြ 
Donate to DVB

ပြည်ပရောက်မြန်မာနိုင်ငံသားတွေ မိမိလစာရဲ့ ၂၅ ရာခိုင်နှုန်းကို နိုင်ငံတော်အား လစဉ်အခွန် ပြန်ဆောင်ရမယ်လို့ အာဏာသိမ်း စစ်ကောင်စီက  သတ်မှတ်လိုက်တဲ့အပေါ်မှာ လက်မခံနိုင်တဲ့ အတွက် ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားတွေ ဆန္ဒပြခဲ့ကြပါတယ်။

Bright Future လို့အမည်ပေးထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့က ဦးဆောင်ပြီး  စက်တင်ဘာ ၂၄ ရက် မနက်က ဘန်ကောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ (UN) ရုံးရှေ့မှာ သွားရောက်ဆန္ဒပြသလို တောင်းဆိုစာကိုလည်း ပေးအပ်ခဲ့တယ်လို့  Transborder News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ခုခံတော်လှန်သူတွေကို နှိမ်နင်းရာမှာ လူပေါင်း ၂၃၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး ၃၇၂၈ ဦး သတ်ဖြတ်ခံရတယ်၊ ပြည်သူအ မြောက်အမြာား စစ်ဘေးရှောင်ဘဝရောက်ခဲ့ရသလို လူငယ်လူရွယ်တွေ ပြည်ပနိုင်ငံတွေကို နည်းလမ်းပေါင်းစုံနဲ့  ထွက်ပြီး အလုပ်လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။

စစ်ကောင်စီလက်ထက်  နိုင်ငံရေးမတည်ငြိမ်၊ စီးပွါးရေးမကောင်းလို့ တိုင်းပြည်ဝင်ငွေ လျော့နည်းလာကာ အဲဒီငွေကို ဖြည့်ဆည်းဖို့အတွက် ပြည်ပရောက်အလုပ်သမားတွေဆီကနေ ငွေညှစ်တဲ့အနေနဲ့ ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို အစိုးရပိုင် ဘဏ်က နေပြန်သွင်းရမယ်၊ မလိုက်နာဘူးဆိုရင် ၃ နှစ်တာ ပြည်ပထွက်ခွါလုပ်ကိုင်ခွင့် ပိတ်ပင်ခံရမယ်လို့ ခြိမ်းခြောက်ထားတာ ဖြစ်ပါတယ်။။ 

ပြည်ပရောက်အလုပ်သမားတွေဟာ မိမိရောက်တဲ့နိုင်ငံမှာ အလုပ်သမားမှတ်ပုံတင်ကတ်၊ စားဝတ်နေရေးစားရိတ်အပြင် မြန်မာပြည်မှာကျန်ခဲ့တဲ့ မိသားစုကိုပြန်ထောက်ပံ့ရမှာတောင် မလောက်မငှဖြစ်နေကြပြီး  ၂၅ ရာခိုင်နှုန်းပြန်သွင်းဖို့ အခက်အခဲရှိနေကြပြီး စစ်အစိုးရ သက်ဆိုးရှည်အောင် ထောက်ပံ့ရာလည်းရောက်လို့ ဒီကိစ္စပေါ် သဘောမတူဘူးလို့ ဆန္ဒပြတဲ့ မြန်မာအလုပ်သမားတွေက  သတင်းထောက်ကို ပြောပါတယ်။ 

ဆန္ဒပြသူတွေဟာ ကုလသမဂ္ဂ ၊ ထိုင်းအစိုးရနဲ့ အာဆီယံအသိုက်အဝန်းကို ဦးတည်ပြီး တောင်းဆိုချက် ၄ ချက်ပါ စာတစောင်လည်း ပေးပို့ခဲ့ပါတယ်။ 

အဆိုပါတောင်းဆိုချက်ထဲမှာ ထိုင်းမြန်မာနယ်စပ်ရောက်စစ်ဘေးရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးဖို့၊ စစ်ကောင်စီတပ်ရဲ့ ဘေးအန္တရာယ်မှ လွတ်ကင်းစေရေး  စစ်မဲ့ ဘေးကင်းဇုန် သတ်မှတ်ပေးဖို့လည်း ပါဝင်ပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ အာဆီယံက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ မူဝါဒ ၅ ချက် အတိုင်းလိုက်နာဆောင်ရွက်ပြီး ပြည်သူအပေါ်အကြမ်းဖက်မှုတွေ ရပ်တံ့အောင် အာဆီယံ အသင်းဝင်နိုင်ငံတွေအနေနဲ့ တိုက်တွန်းပေးဖို့အချက်လည်း ပါဝင်ပါတယ်။

ယူအန် အနေနဲ့ မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်ပြီး CDM လုပ်လာတဲ့ ဝန်ထမ်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေ၊ NUG အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံအား ပေးဖို့လည်း တောင်းဆိုထားပါတယ်။

စစ်ကောင်စီအနေနဲ့ တိုင်းပြည်အတွက်လိုအပ်တဲ့ ဝင်ငွေကို အလုပ်သမားတွေဆီကနေ ငွေညှစ်တာ မလုပ်ဘဲ တိုင်းပြည်စီးပွားရေး ပုံမှန်အခြေအနေရောက်ကာ တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ဖို့၊  ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးပြန်လွှတ်ပေးပြီး ပြည်သူ့အာဏာကို ပြည်သူ့အစိုးရလက်ထဲပြန်လည်အပ်နှင်းဖို့လည်း တောင်းဆိုထားပါတယ်။

ကိုးကား- Transborder News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013