DVB Logo
Home
နိုင်ငံတကာ
ဥ‌ရောပသမဂ္ဂနှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိဟု တရုတ်ပြော
DVB
·
September 26, 2023
ဥ‌ရောပသမဂ္ဂနှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိဟု တရုတ်ပြော
Donate to DVB

တရုတ်-ဥရောပသမဂ္ဂ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေးကို အဆင့်သစ်တခုဆီ ရောက်ရှိစေရေး နှစ်ဖက်ခေါင်းဆောင်တွေရဲ့ အရေးကြီးတဲ့ သဘောတူညီမှုကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ တရုတ်နိုင်ငံဟာ ဥရောပသမဂ္ဂ (အီးယူ) နဲ့ လက်တွဲဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ တရုတ်ဒုတိယဝန်ကြီးချုပ် ဟော့်လိဖှုန်းက စက်တင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။

ဥရောပကော်မရှင် အမှုဆောင်ဒုဥက္ကဋ္ဌ ဗယ်လ်ဒစ် ဒွန်မ်ဘရော့ဗ်စကီစ်နဲ့အတူ ပူးတွဲ သဘာပတိအဖြစ် ပေကျင်းမြို့တော်မှာ ကျင်းပတဲ့ ၁၀ ကြိမ်မြောက် တရုတ်- အီးယူ အဆင့်မြင့် စီးပွားရေးနှင့် ကုန်သွယ်မှု ဆွေးနွေးပွဲမှာ သူက ခုလို ပြောလိုက်တာပါ။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ ဒုဝန်ကြီးချုပ်က အခုနှစ်ဟာ တရုတ်-အီးယူ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၂၀ ပြည့် နှစ်ပတ်လည်ဖြစ်တယ်လို့လည်း ပြောပါတယ်။

နှစ်ဖက်ခေါင်းဆောင်တွေ ရထားတဲ့ အရေးကြီးတဲ့ သဘောတူညီမှုကို အပြည့်အဝ အကောင်အထည်ဖော်ဖို့၊ အစဉ်အလာ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေဖို့၊ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်တွေကို တက်တက်ကြွကြွရှာဖွေဖို့၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ပူးပေါင်းဖြေရှင်းဖို့နဲ့ တရုတ်-အီးယူ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေးကို ဖော်ဆောင်ဖို့ တရုတ်နိုင်ငံအနေဖြင့် အီးယူနဲ့ လက်တွဲဆောင်ရွက်သွားဖို့ အသင့်ရှိနေပြီး အဆင့်သစ်တခုဆီ ရောက်ခဲ့တယ်လို့ ဒုတိယဝန်ကြီးချုပ်က ပြောပါတယ်။

စီးပွားရေးနဲ့ ကုန်သွယ်မှုဆိုင်ရာ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေဖို့နဲ့ အီးယူ-တရုတ် ဆက်ဆံရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဖို့ အီးယူဟာ တရုတ်နိုင်ငံနဲ့ လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ ဒွန်မ်ဘရော့ဗ်စကီးစ်က ပြောပါတယ်။

နှစ်ဖက်စလုံးက အကြီးစား စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ စက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်တွေ၊ ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စတဲ့ကိစ္စရပ်တွေအတွက် ပွင့်ပွင့်လင်းလင်းနဲ့ လက်တွေ့ကျကျ ဆက်သွယ်ပြောဆိုခဲ့ကြပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ရလဒ်တွေနဲ့ သဘောတူညီမှုတွေ ဆက်တိုက်ရရှိခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013