DVB Logo
Home
နိုင်ငံတကာ
တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား အကြီးတန်းသံတမန်များ တွေ့ဆုံ
DVB
·
September 26, 2023
တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား အကြီးတန်းသံတမန်များ တွေ့ဆုံ
Donate to DVB

တောင်ကိုရီးယား အစိုးရဟာ တရုတ်နဲ့ ဂျပန်နိုင်ငံတို့က အကြီးတန်းသံတမန်တွေ တက်ရောက်တဲ့ ရှားရှားပါးပါး သုံးနိုင်ငံတွေ့ဆုံပွဲကို စက်တင်ဘာ ၂၆ ရက်မှာ တည်ခင်း ကျင်းပခဲ့ပါတယ်။

အမေရိကန်နဲ့ရော မဟာမိတ်နှစ်နိုင်ငံ အချင်းချင်းအကြားမှာပါ ပူးပေါင်းဆောင်ရွက်မှု ထောင့်စေ့လာတဲ့အပေါ် တရုတ်ပြည်မကြီးအစိုးရက စိုးရိမ်ပူပန်နေလို့ သက်သာလျော့ပါးစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

သံတမန်တွေ အစည်းအဝေးခန်းမထဲကို ဝင်လာချိန်မှာ တောင်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ချောင်ဗြောင်းဝမ်က ဂျပန် အကြီးတန်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး တာ့ခဲဟိရို ဖှုနာ့ခိုရှိနဲ့ တရုတ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နောင်ရုံတို့ကို ကြိုဆိုခဲ့ပါတယ်။

ဒီဆွေးနွေးပွဲဟာ ၂၀၁၉ ခုနှစ်မှာ နောက်ဆုံးကျင်းပခဲ့တဲ့ သုံးနိုင်ငံခေါင်းဆောင်တွေကြား ထိပ်သီးအစည်းအဝေးတွေ ပြန်စတင်ရေး တစိတ်တပိုင်းအဖြစ် ရည်ရွယ်ထားတာပါ။

တောင်ကိုရီးယားနဲ့ ဂျပန်အစိုးရတို့ကြား တရားဝင်၊ သံတမန်ရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေကြားမှာ ဆွေးနွေးပွဲတွေကို ဆိုင်းငံ့ထားခဲ့ပါတယ်။ ဂျပန်က ၁၉၁၀ ကနေ ၁၉၄၅ ခုနှစ်ကြားမှာ တောင်ကိုရီးယားကို သိမ်းပိုက်ခဲ့ဖူးပါတယ်။

တောင်ကိုရီးယားမှာ အမေရိကန်ရဲ့ THAAD ဒုံးခွင်းဒုံးစနစ် ဖြန့်ကျက်မှုနဲ့ပတ်သက်ပြီး ၂၀၁၇ ခုနှစ်မှာ တောင်ကိုရီးယားနဲ့ တရုတ်တို့ကြား ဆက်ဆံရေး ယိုယွင်းလာချိန်ကစပြီး တရုတ်က သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အစည်းအဝေးတွေ စီစဉ်ရာမှာ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရ အကြီးတန်းအရာရှိတဦးက ပြောခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013