DVB Logo
Home
မြန်မာသတင်း
The Way ရုပ်ရှင်ကို ဂျပန်နိုင်ငံတွင် ပွဲဦးထွက်ပြသ (ဓာတ်ပုံ)
DVB
·
September 25, 2023
The Way ရုပ်ရှင်ကို ဂျပန်နိုင်ငံတွင် ပွဲဦးထွက်ပြသ (ဓာတ်ပုံ)
1 / 12
Donate to DVB

The Way ရုပ်ရှင်ကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပွဲဦးထွက်အဖြစ် စက်တင်ဘာ ၂၃ ရက်က ပြသခဲ့ရာမှာ လက်မှတ်အစောင်ရေ ၁,၄၀၀ ကျော် ရောင်းချနိုင်ခဲ့တဲ့အပြင် ရုပ်ရှင် အမှတ်တရ အင်္ကျီ၊ အိတ်နဲ့ ကက်ဆက်တိတ်ခွေပုံစံ USB Stick ကိုပါ အမှတ်တရ ရောင်းခဲ့ပါတယ်။

ပွဲမှာ ဇာတ်ကားဖန်တီးသူ ဒါရိုက်တာလင်းလင်းနဲ့ သရုပ်ဆောင် ချစ်သုဝေတို့ လက်မှတ်ရေးထိုးထားတဲ့ USB Stick နဲ့ အိတ်တွေကို လေလံတင်ရောင်းချခဲ့ရာမှာလည်း မြန်မာ‌ငွေ ကျပ်သိန်း ၂၆၀ ကျော်နဲ့ ပွဲအတွင်း သီးသန့်အလှူငွေ သိန်း ၁၃၀ လောက် ရရှိခဲ့တယ်လို့ သိရပါတယ်။

ရုပ်ရှင်ပွဲကနေရလာတဲ့ ငွေကြေးအမြတ်အားလုံးကို “The WAY” အဖွဲ့အစည်းကို ပေးအပ်သွားမှာဖြစ်ကြောင်းနဲ့ အဖွဲ့ကနေတဆင့် ‌မြေပြင်က လိုအပ်တဲ့နေရာတွေဆီကို အရောက်ပို့ပေးသွားမှာ ဖြစ်တယ်လို့ ပွဲတာဝန်ရှိသူက ပြောပါတယ်။

The Way ကို ဂျပန်နိုင်ငံရဲ့ တခြားမြို့ကြီး ခုနှစ်မြို့ဖြစ်တဲ့ ခန်းဆိုင်ဒေသ (အိုဆာကာ/ကျိုတို/ကိုဘေး)၊ ရှိဇုအိုက၊ ကျူးရှူး နာကစု၊ ကျူးရှူး ဆာဂ၊ အိုခီနာဝါနဲ့ ဟိုကိုင်းဒိုးတို့မှာ စက်တင်ဘာ ၂၄ ရက်ကနေ အောက်တိုဘာ ၁၅ ရက်အထိ အပတ်စဉ်အလိုက် ပြသသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013