DVB Logo
Home
မြန်မာသတင်း
ရွှေဘိုတွင် စစ်သားများ မိုင်းဆွဲခံရပြီး စစ်ဗိုလ် ၁ ဦးအပါအဝင် ၁၂ ဦး သေ
DVB
·
September 24, 2023
ရွှေဘိုတွင် စစ်သားများ မိုင်းဆွဲခံရပြီး စစ်ဗိုလ် ၁ ဦးအပါအဝင် ၁၂ ဦး သေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ရွှေဘို-ကျောက်မြောင်း ကားလမ်းမကြီးပေါ်က တအုံကျေးရွာနဲ့ အုံးပေါက်ကျေးရွာကြားမှာ စစ်ကောင်စီစစ်ကြောင်း ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခံရပြီး ၂ ပွင့်စစ်ဗိုလ် ၁ ယောက် အပါအဝင် ၁၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ စစ်ကောင်စီရဲ့ နယ်လှည့် ဆေးကုသရေးအဖွဲ့ပြန်ထွက်ခွာမဲ့ ရွှေဘို-ကျောက်မြောင်း လမ်းကြောင်းကို နယ်မြေ ရှင်းလင်းရေးလုပ်ဆောင်တဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

Burma Rangers အဖွဲ့ တာဝန်ခံ ကိုအေဓီက “စစ်ကောင်စီ နယ်လှည့် ဆေးကုသရေး အဖွဲ့က ရွှေဘို မြို့တော်ခန်းမကို ရောက်နေတာ ကြာပြီ။ အယောင်ပြ သက်သက်ပါ။ အဲဒီအဖွဲ့က ပြည်သူတွေကို ဆေးကုသပေးတာမျိုးမရှိဘူး။ ခြေကုပ်ယူပြီး အထိုင်ချထား တာ။ သတင်းကြိုရလို့ ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီရဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့ ထွက်ခွာဖို့အတွက် အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက နယ်မြေရှင်းလင်းရင်း မိုင်းကွင်းထဲအရောက်မှာ ပဒေသာမိုင်း ၈ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခက်ခဲ့တယ်လို့ ဆိုပါတယ်။

ပဒေသာမိုင်းဆွဲတိုက်ခိုက်ချိန်မှာ စစ်ကောင်စီရဲ့ မိုင်းရှင်းလင်းရေး စစ်ခွေးက ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေကို တွေ့ရှိခဲ့လို့ နောက်ကြောင်းပြန်ဆုတ်ခွာခဲ့ရပြီး မိုင်းဆွဲမဲ့သူပဲ စောင့်ဆိုင်း မိုင်းခွဲခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ကိုအေဓီက “သူတို့စစ်ကြောင်း ရှေ့ဆုံးက ၁၂ ယောက်လောက်နဲ့မိုင်းကွင်းကို စစ်ခွေး ၁ ကောင်နဲ့ အရင်ဖြတ်တာ။ မြေပြောင်တဲ့နေရာတွေကိုပဲ ရွေးသွားတာပါ။ စစ်ခွေးက ဟောင်လို့ ကျနော်တို့တပ်ဖွဲ့ဝင်တွေ နောက်ကြောင်းပြန်ဆုတ်ခဲ့ရတယ်။ ပွိုင့်ဆွဲမဲ့ တပ်ဖွဲ့ဝင် ၁ ယောက်ပဲ ကျန်ခဲ့ပြီး အဲကောင်တွေ အဖွဲ့လိုက် မိုင်းကွင်းကိုဖြတ်ချိန်မှာ တိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။

မိုင်းခွဲအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈ ယောက် မိုင်းစထိမှန် ဒဏ်ရာရခဲ့ပြီး သေဆုံးသူ ၁၂ ယောက်ရှိတယ်လို့ သိရပါတယ်။

မိုင်းစထိမှန် ဒဏ်ရာရသူတွေဟာ ရွှေဘိုဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေပြီး စစ်ကောင်စီအားပေးတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ စစ်ကောင်စီ စစ်ကြောင်း သတင်းပေါက်ကြားမှုကို ဆေးရုံအုပ်ကြီးနဲ့တကွ ဝန်ထမ်းအားလုံးကို ခေါ်ယူစစ်ဆေး သင့်တယ်လို့ ဖော်ပြထားပါတယ်။

အခုတိုက်ခိုက်မှုကို Burma Rangers အညာဒေသ LPDF အဖွဲ့နဲ့ X-Force LPDF အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

Photo Burma Rangers

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013