DVB Logo
Home
မြန်မာသတင်း
စံချိန်တင်ဈေးတက်ခဲ့သည့် မြေပဲဆန် ဝယ်လက်ပျောက် ဈေးကျနေ  
DVB
·
September 24, 2023
စံချိန်တင်ဈေးတက်ခဲ့သည့် မြေပဲဆန် ဝယ်လက်ပျောက် ဈေးကျနေ  
Donate to DVB

စံချိန်တင်‌ဈေးမြင့်တက်ခဲ့တဲ့ မြေပဲဆန်ဟာ အခုတော့ အရောင်းအဝယ်မရှိဘဲ ဈေးလည်းကျဆင်းနေတယ်လို့ မြေပဲဆန် အရောင်းအဝယ်လုပ်ကိုင်နေသူတွေဆီကနေ သိရပါတယ်။  

မကွေးတိုင်းထဲက ပဲနှမ်းမျိုးစုံ ရောင်းဝယ်ရေးဒိုင်တခုရဲ တာဝန်ရှိသူတယောက်က “ပြည်ပဝယ်လက်ကလည်း မရှိဘူး၊ ပြည်တွင်းဝယ်လက်တွေကလည်း မရှိဘူး။ ငွေရှိလို့ လှောင်ချင်တဲ့ သူလောက်ပဲ ရှိတယ်။ အသစ်တွေကလည်း အဝင်များနေတယ်။ တစ်ချို့ဒိုင်တွေဆို မဝယ်ဘဲ ခဏရပ်ထားတာတွေတောင် ရှိတယ်။ လက်ရှိ အခြေအနေ တွေကလည်း စောင့်ကြည့်နေကြတဲ့ အခြေအနေဆိုတော့ အရောင်းအဝယ်တွေက အကုန်အေးနေကြတယ်” လို့ ပြောပါတယ်။ 

လက်ရှိ မကွေးဈေးကွက်အတွင်းမှာ မြေပဲလုံးဆန်နီကတော့ တပိဿာကို ကျပ် ၇,၈၀၀ ကနေ ၈,၀၀၀ ကြားရှိနေပြီး တပိဿာကို ၈၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြေပဲလုံးဆန်ဖြူကတော့ တပိဿာကို ကျပ် ၆,၅၀၀ ကနေ ၆,၆၀၀ ကြား ရှိနေပြီး တပိဿာကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ 

မန္တလေးမှာလည်း တပိဿာကို ကျပ် ၇,၈၀၀ ကနေ ၇,၉၀၀ ကြား ရှိနေပြီး တပိဿာကို ၁,၀၀၀ လောက် ကျဆင်းသွားပါတယ်။  အခုလ ပထမပတ်အထိ မြေပဲဈေးနှုန်းက တပိဿာကို ကျပ် ၁၀,၀၀၀ နဲ့ အထက် ပေါက်ဈေးရှိခဲ့ရာကနေ ပြန်လည် ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။  

ဆင်ဖြူကျွန်းဘက်က ကိုယ်တိုင်စိုက်ပျိုးရောင်းချသူတယောက်က “ဒီနှစ် အတော်ဆိုးတယ်‌ ပြောရမယ်။ မနှစ်က အထွက်လျော့ပြီး ဈေးပိုရခဲ့ကြတော့ ဒီနှစ် တိုးစိုက်ကြတယ်။ မခန့်မှန်းနိုင်တော့ပါဘူးဗျာ” လို့ ပြောပါတယ်။  

လက်ရှိမှာ ပြည်၊ အောင်လံ၊ မကွေး မြေပဲစိုက်ပျိုးတဲ့ဒေသတွေကနေ မြေပဲဆန်တွေ ထွက်ရှိနေပြီး အရင်က ပြည်ပနိုင်ငံတချို့ကို တင်ပို့ရောင်းချမှုတွေရှိပေမယ့် အခု အချိန်မှာတော့ ပြည်ပကို ရောင်းချမရှိသလောက်နည်းနေပြီး ဒေသတွင်းမှာပဲ ဆီကြိတ်ခွဲ သုံးစွဲတာများလာတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013