DVB Logo
Home
မြန်မာသတင်း
တိုက်ခိုက်ခံထားရသည့်ဂိတ်တွင် စစ်သားများတပ်ပြန်စွဲပြီး ငွေကောက်ခံနေ
DVB
·
September 24, 2023
တိုက်ခိုက်ခံထားရသည့်ဂိတ်တွင် စစ်သားများတပ်ပြန်စွဲပြီး ငွေကောက်ခံနေ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်က ကချင်လွတ်မြောက်ရေးတပ် KIA ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီရဲ့ ပန်းတင်တံတားဂိတ်မှာ စစ်ကောင်စီတပ်က ပြန်လည်တပ်စွဲပြီး မော်တော်ယာဉ်တွေဆီက ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့က   အဲဒီတံတားစစ်ဆေးရေးဂိတ်ကို ကချင်လွတ်မြောက်ရေး တပ် KIA က ပစ်ခတ်တိုက်ခိုက်ခဲ့လို့  စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး စက်တင်ဘာ ၂၃ ရက်နေ့ကစလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဲဂိတ်မှာထိုင်ပြီး ငွေကောက်နေကြတာပါ။

ဒေသခံယာဉ်မောင်းတယောက်က                    “ကုန်တင်လာတဲ့ ကားတွေ၊ သုံးဘီး ဆိုင်ကယ်တွေ၊ ဆိုင်ကယ်တွေ တွေ့ရင် ရပ်ခိုင်းတယ်။   စစ်ဆေးရေးစခန်းထဲကနေ ယာဉ်မောင်းကို လှမ်းခေါ်ပြီး တင်လာတဲ့ ကုန်ပစ္စည်းအပေါ်မူတည်ပြီး ဘယ်လောက် ဆိုတာ ပြောပြီးတောင်းတယ်။ သူတို့က ဂိတ် စခန်းအတွင်းမှာပဲ နေတာ။ အားလုံး ၁၀ ယောက် လောက်တော့ရှိတယ်” လို့ ပြောပါတယ်။

မှော်ဝမ်းကျေးရွာနဲ့ နမ္မဖြစ်ကျေးရွာကြားမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ပန်းတင် စစ်ဆေးရေး ဂိတ်မှာ ဖြတ်သန်းသွားလာလုပ်နေတဲ့ မော်တော်ယာဉ်တွေကို  ကုန်ပစ္စည်းအပေါ် မူတည်ပြီး ငွေကျပ် ၅,၀၀၀ ကနေ ငွေကျပ် ၃၀,၀၀၀ အထိ ကောက်ခံနေတာပါ။

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ကလည်း ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် KPDF တို့က ပန်းတင် စစ်ဆေးရေးဂိတ်ကို သွာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013