DVB Logo
Home
မြန်မာသတင်း
ဒေါနစစ်ကြောင်းက ဦးစီးဖွင့်လှစ်သည့် ဆေးတပ်သားသင်တန်းဆင်းပွဲကျင်းပ
DVB
·
September 23, 2023
ဒေါနစစ်ကြောင်းက ဦးစီးဖွင့်လှစ်သည့် ဆေးတပ်သားသင်တန်းဆင်းပွဲကျင်းပ
Donate to DVB

ဒေါနစစ်ကြောင်းက ဦးစီးဖွင့်လှစ်တဲ့ ဆေးတပ်သားသင်တန်းအပတ်စဉ် ၇ သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၁ ရက်နေ့က လွတ်မြောက်နယ်မြေမှာ ကျင်းပခဲ့ပါတယ်။

နယ်မြေစစ်ဆင်ရေး လိုအပ်ချက်အရ စက်တင်ဘာ ၁ ရက်က စလို့ သင်တန်း ပေးခဲ့တာဖြစ်ပြီး အဲဒီသင်တန်းကို မွန်ပြည်နယ်အခြေစိုက် ပူးပေါင်းအဖွဲ့တွေဖြစ်တဲ့ ရေးပြောက်ကျားတပ်ဖွဲ့ (YGF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့အစည်း(MSRO)၊ KNLA တပ်ရင်း ၂၇ နဲ့ ABSDF တပ်ရင်း ၁ တို့က ရဲဘော်တွေလည်း သင်တန်းတက်ရောက်ခဲ့ကြတယ်လို့ ဒေါနစစ်ကြောင်း တာဝန်ခံတွေက ပြောပါတယ်။

တော်လှန်ရေးပူးပေါင်း မဟာမိတ်အဖွဲ့အသီးသီးက တော်လှန်ရေးရဲဘော်တွေ ရှေ့တန်း စစ်မြေပြင်မှာ ထိခိုက်ဒဏ်ရသွေးလွန်ပြီး မကျဆုံးသင့်ဘဲ ကျဆုံးတာမျိုး လျှော့ချ နိုင်အောင်၊ နယ်မြေခံပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ရည်ရွယ်တာလို့ ဒေါနစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကိုရန်နိုင်က ပြောပါတယ်။

“အခက်အခဲကတော့ မိုးရာသီ ဖြစ်တဲ့အတွက် သွားလာရေးခက်ခဲမှု ၊ ဆေးဝါးဆက်စပ် ပစ္စည်းတွေ မလုံလောက်မှု၊ လူနာများအတွက် အားဖြည့်စာ ဒါတွေကတော့ ကျနော်တို့ အတွက် အခက်အခဲလေးတွေ ရှိတယ်” လို့ သူက ဆက်ပြောပါတယ်။

ဆေးသင်တန်းမှာ စာတွေ့၊ လက်တွေ့ သင်ကြားခဲ့ပြီး အရည်အချင်းစစ် စာမေးပွဲ ပြုလုပ်ပြီးနောက် ပထမ၊ ဒုတိယ၊ တတိယဆုနဲ့ ဇွဲဆုတို့ကိုလည်း ပေးအပ် ချီးမြှင့်ခဲ့ပါသေးတယ်။

ဒေါနစစ်ကြောင်း ဆေးတပ်ဖွဲ့အနေနဲ့ ရှေ့တန်းစစ်မျက်နှာပြင် ဆေးတပ်သားတွေအပြင် နယ်မြေကျန်းမာရေး တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ရပ်ရွာအခြေအခြေပြု ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013