DVB Logo
Home
မြန်မာသတင်း
သႏၱိသုခ တရားစြဲခံသံဃာမ်ား မဟနအေပၚ တရားစြဲမႈ ပယ္ခ်ခံရ
DVB
·
August 4, 2014
သႏၱိသုခ တရားစြဲခံသံဃာမ်ား မဟနအေပၚ တရားစြဲမႈ ပယ္ခ်ခံရ
Donate to DVB

ရန်ကုန်တိုင်း တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းတိုက်ကနေ လူဝတ်လဲ ဖယ်ရှားခံခဲ့ရပြီး တရားရင်ဆိုင်နေတဲ့ သံဃာတော်တွေက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို ပြန်လည် တရားစွဲဆိုဖို့ ဒုတိယအကြိမ် ကြိုးစားပေမယ့် ထပ်မံ ပယ်ချခံခဲ့ကြရပါတယ်။

10304626_717692248269278_35537866838145380_nကျောင်းတိုက်ကနေ အင်အားသုံး ဖယ်ရှားခံခဲ့ရတဲ့ သံဃာတော်တွေ က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို မတရား ချုပ်နှောင်ထားမှု၊ မတရား တားဆီးကန့်ကွက်မှုနဲ့ ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့က တာမွေမြို့နယ် တရားရုံးမှာ စွဲဆိုခဲ့တာကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင် ၁၆ ရက်တုန်းကလည်း အလားတူအမှုနဲ့ ဗဟန်းမြို့နယ်တရားရုံးမှာ အမှုဖွင့်တုန်းကလည်း လက်မခံတာကြောင့် ဒုတိယအကြိမ် မြို့နယ်ပြောင်း အမှုဖွင့်ခဲ့တာ ဖြစ်ပြီး ပယ်ချခံရတာ ဖြစ်ပါတယ်။

တာမွေမြို့နယ်တရားရုံးက ပယ်ချပုံကို   ကိုယ်တိုင် သွားရောက် အမှုဖွင့်တဲ့ အင်္ဂလန်ဆရာတော် ဦးဥတ္တရက ခုလို မိန့်ပါတယ်။

“ဗဟန်းမြို့နယ်တရားရုံးမှာ ပယ်ချခံရတယ်ဆိုတဲ့ ငြင်းဆိုချက်ဟာ တာမွေမြို့နယ် တရားရုံးမှာ တရားစွဲခံရတဲ့ အမှုနဲ့ ဆက်စပ်နေတဲ့အတွက် စီမံခန့်ခွဲမှုအရ လက်မခံပါဘူးဆိုပြီး ငြင်းပယ်တာ။ အခု အဲလိုရေးတဲ့အတွက် ဘုန်းကြီးတို့က တာမွေနဲ့ သက်ဆိုင်နေတဲ့အတွက်ကြောင့် တာမွေတရားရုံးမှာ နိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌနဲ့အဖွဲ့ကို  ပြန်ပြီးတရားစွဲတာ။ တာမွေတရားရုံးက ၂၆၂၊ ၂၆၃ အမှုနဲ့ ပတ်သက်လို့ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ဦးတိုက်လျှောက်ထားမှုကို တာမွေရုံးမှာ တရားစစ်ဆေးဆဲဖြစ်နေတဲ့အတွက် လက်မခံပါဘူးဆိုပြီး ငြင်းတယ်။”

အခု တရားလိုလုပ်ပြီး တိုင်ချက်ဖွင့်နေကြတဲ့ သံဃာ ၅ ပါးဟာ ဇွန် ၁၁ ရက်နေ့က  မဟာသံန္တိသုခ ကျောင်းတိုက်ကို သံဃာအင်အား ၂၀၀ ခန့်နဲ့ လုံခြုံရေး အင်အားသုံး ၀င်ရောက်ခဲ့စဉ်က ကျောင်းတိုက်တွင်း သီတင်းသုံးနေကြပြီး ဇွန် ၁၀ ရက်နေ့ ည ၁၀ နာရီမှာ အတင်း ဖမ်းဆီး လူဝတ်လဲခံခဲ့ရသူတွေ ဖြစ်ပါတယ်။

အဲဒီတုန်းက တရားရုံးဝရမ်းစာ မပါဘဲ ဥပဒေမဲ့ လုပ်ဆောင်ခဲ့တဲ့အပေါ် နိုင်ငံတော်သံဃမဟာနာယကဆရာတော် ဗန်းမော်ဆရာတော်ဘုရားကြီး၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ တတိယအဖွဲ့ခွဲက အဖွဲ့ဝင် ဆရာတော် ၁၅ ပါး၊ ရန်ကုန်တိုင်းသံဃာနာယက ဥက္ကဋ္ဌဆရာတော်၊ ဒုဥက္ကဋ္ဌဆရာတော်၊ အတွင်းရေးမှူးဆရာတော်နဲ့ တာမွေမြို့နယ်က သံဃနာယကဥက္ကဋ္ဌဆရာတော် စုစုပေါင်း ဆရာတော်အပါး ၂ ကို တရားစွဲဆိုတာ ဖြစ်တယ်လို့ ဦးဥက္ကဋ္ဌက မိန့်ကြားပြီး အထက်အဆင့်ကို  ဆက်လက်တက်ပြီး စွဲဆိုသွားမယ်လို့ မိန့်ပါတယ်။

သူတို့ ၅ ပါးကို ဇွန် ၁၀ ရက်နေ့ ည ၁၀ နာရီလောက်ကတည်းက ဖမ်းသွားပြီး  ဇွန် ၁၂ ရက်နေ့မှ တရားရုံးမှာ တရားစွဲတာ ဖြစ်တဲ့အတွက် တရားရုံးအမိန့်ကြေညာစာမပါဘဲ ဖမ်းဆီး ချုပ်နှောင်ထားတဲ့အတွက် တရားစွဲဆိုတာ ဖြစ်ပါတယ်လို့ ဦးဥက္ကဋ္ဌက မိန့်ကြားပါတယ်။

အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာ ၅ ပါးကို လူဝတ်လဲပြီး ကျူးကျော်နေထိုင်မှု၊ သာသနာညှိုးနွမ်းမှုတွေနဲ့ တရားစွဲဆို စစ်ဆေးမှုအခြေအနေကိုလည်း ဦးဥတ္တရက ခုလို မိန့်ပါတယ်။

“ဘုန်းကြီးတို့ ရှေ့နေများက ပီနန်ဆရာတော်ဘုရားကြီး နိုင်ငံတော်သမ္မတကို ရေးထားတဲ့စာနဲ့ သံဃမဟာနာယကကို ရေးထားတဲ့စာကို နဂိုကတည်းက မဟာသန္တိသုခနဲ့ပတ်သက်ပြီး ပိုင်ဆိုင်မှု အငြင်းပွားနေတာကို နိုင်ငံတော်သမ္မတအနေနဲ့ ဖြေရှင်းပေးပါ ဆိုပြီး ရေးထားတဲ့ စာအထောက်အထားကို သက်သေခံအဖြစ် တောင်းတဲ့အခါမှာ တရားရုံးက ဒါကို သက်သေခံအဖြစ် ခွင့်မပြုဘူးဆိုပြီး ငြင်းပယ်တာကို ရှေ့နေတွေက ဒါဟာ တရားခံတွေအတွက် သိပ်နစ်နာတဲ့ ငြင်းပယ်မှုဖြစ်ပါတယ်၊ ဒါကြောင့်မို့ အမှုစစ်ဆေးမှုကို ရပ်ဆိုင်းပေးပါလို့ တောင်းဆိုတဲ့အတွက် ရပ်ဆိုင်းလိုက်ပြီး အဲဒီစစ်ဆေးချက်ကို ရှေ့ပိုင်းခရိုင်တရားရုံးကို တင်လိုက်တဲ့အခါမှာ လက်ခံထားတယ်။ အဲဒါကို နှစ်ဖက်ကြားနားစစ်ဆေးပြီးတော့မှ တရားသူကြီးက အမိန့်ချမှတ်ပြီးတော့ တာမွေမြို့နယ် တရားရုံးမှာ တရားလိုပုဂ္ဂိုလ်တွေကို ဆက်လက်စစ်ဆေးရဦးမှာ။ ၁၅ ရက်နေ့မှာ တခါရုံးချိန်းရှိတယ်။”

အဲဒါကို အရှေ့ပိုင်းခရိုင်တရားရုံက နှစ်ဘက်ကြားနာပြီး တရားသူကြီးအမိန့်ချမှတ် ပြီးတဲ့အခါ တာမွေမြို့နယ်တရားရုံးမှ ဆက်လက်စစ်ဆေးမယ်လို့ ဆရာတော်က မိန့်ပါတယ်။

မဟာသန္တိသုခကျောင်းတိုက်ကို ပီနန်ဆရာတော်ဘုရားကြီး ဦးပညာဝံသနဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့အကြား ပိုင်ဆိုင်မှု အငြင်းပွားပြီးတဲ့နောက် မဟနက ပီနန်ဆရာတော်ဘုရားနဲ့ နောက်လိုက်သံဃာတွေကို ကျောင်းကနေ ထွက်ခွာခိုင်းခဲ့ပါတယ်။

သတ်မှတ်ရက် ကျော်လွန်ပြီးတဲ့နောက် ပီနန်ဆရာတော်ဘုရား ပြည်ပခရီးစဉ်ထွက်ချိန် သန်းခေါင်ယံကျော်မှာ တိုင်းသံဃနာယကနဲ့ သာသနာရေးဦးစီးဌာနတို့က ကျောင်းတိုက်ကို ချိပ်ပိတ်သလို သီတင်သုံးနေတဲ့ သံဃာတွေကို တရားစွဲခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013