DVB Logo
Home
မြန်မာသတင်း
တန်ဖရဲဂိတ်တွင် လူငယ် ၁၀ ဦး ဖမ်းဆီးခံရ၊ ကင်းလှည့် ဖားကန့်ရဲတပ်ဖွဲ့ဝင်အချို့ တိုက်ခိုက်ခံရ
DVB
·
September 22, 2023
တန်ဖရဲဂိတ်တွင် လူငယ် ၁၀ ဦး ဖမ်းဆီးခံရ၊ ကင်းလှည့် ဖားကန့်ရဲတပ်ဖွဲ့ဝင်အချို့ တိုက်ခိုက်ခံရ
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ စက်တင်ဘာ ၂၁ ရက် နေ့လယ်က လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက သိရပါတယ်။

ဆွမ်ပရာဘွမ်မြို့နယ် ဒရူခကျေးရွာက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ပူတာအိုကို သွားမယ့် မော်တော်ယာဉ်တွေပေါ်က လူငယ်တွေကို တန်ဖရဲကျေးရွာ စစ်ကောင်စီတပ်စခန်းမှာ ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

"ဆွမ်ပရာဘွမ်မြို့နယ် ဒရူခ ကျေးရွာမှာ စစ်တပ် နဲ့ KIA တိုက်ပွဲဖြစ်တယ်။ ၂၀ ရက်နေ့က စပြီး လမ်းပိတ်လိုက်တယ်။ ပူတာအိုက ဆင်းတဲ့ကားတွေက ဆွမ်ပရာဘွမ်မှာ နားရတယ်။ မြစ်ကြီးနားက တက်လာတဲ့ ကားတွေကို စစ်တပ်က ပြန်လှည့်ခိုင်းတယ်။ အဲ့လို ပြန်လှည့်တဲ့ကားတွေ တန်ဖရဲ ကျေးရွာအရောက် စစ်တပ်ဂိတ်မှာ လူငယ်အမျိုးသား ၁၀ ဦးထက်မနည်းကို စစ်တပ်က ဖမ်းထားတယ်။ ဘာကြောင့် ဖမ်းလဲတော့ မသိဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

ဒရူခ ကျေးရွာ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့အတွက်  စက်တင်ဘာ ၂၀ ရက်ကစတင်ပြီး မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းကို စစ်ကောင်စီတပ်က ပိတ်ထားခဲ့တာလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနားမြို့နယ် ဆွမ်ပရာဘွမ်မြို့နယ်၊ ဖားကန့်၊ ဗန်းမော်၊ လိုင်ဇာနဲ့ ရွှေကူမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ KIAတို့ ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ရေး တင်းမာနေပါတယ်။  

စက်တင်ဘာ ၂၁ ရက် ညနေက ကချင်ပြည်နယ်  ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ မော်တော်ယာဉ်တစီးနဲ့ ကင်းလှည့်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦး အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အဲ့ဒီလူတွေက  မူးယစ်ဆေးရောင်းဝယ်တဲ့သူတွေဆီက လိုင်းကြေးလိုက်ကောက်နေတဲ့ ဆိုင်းတောင်ရဲစခန်းက ရဲတွေ။ ညနေ ၆ နာရီလောက်က  လှည့်ကင်းလှည့်ပုံရတယ် ကားနဲ့၊ အဲ့ဒီမှာ   သေနတ်နဲ့ အပစ်ခံရတာ။ ကားထဲမှာ ရဲ ၅ ဦးပါတယ်၊ ၁ ဦးသေပြီး ၂ ဦးထိခိုက်တယ်လို့ သိရတယ်။  ဘယ်အဖွဲ့က ပစ်ခတ်တိုက်ခိုက်လဲတော့ မသိဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

စက်တင်ဘာ ၂၀ ရက်ကလည်း ဖားကန့်မြို့အဝင် ပန်းတင် စစ်ဆေးရေးဂိတ် ရဲကင်းစခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သြဂုတ် ၁၉ ရက်ကလည်း ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ  ရဲကား ၂ စီး ကင်းလှည့်နေချိန် အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့တဲ့အတွက် ဒု တပ်ကြပ် နယ်ထိန်းတဦး သေဆုံးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013