DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို အမေရိကန်က လူသားစာနာအကူအညီ ဒေါ်လာ ၁၁၆ သန်း ထပ်ပေး
DVB
·
September 22, 2023
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို အမေရိကန်က လူသားစာနာအကူအညီ ဒေါ်လာ ၁၁၆ သန်း ထပ်ပေး
Donate to DVB

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်း အကူအညီလိုအပ်နေသူတွေအတွက် လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ အကူအညီ အမေရိကန်ဒေါ်လာ ၁၁၆ သန်းကို ထပ်မံပေးအပ် သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောလိုက်ပါ တယ်။

အဲဒီထဲက ဒေါ်လာ ၇၄ သန်းကိုတော့ မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံကူညီပေးနေတဲ့ ဒေသခံလူမှုအဖွဲ့အစည်းတွေကို ပေး အပ်သွားမယ်လို့ ဆိုပါတယ်။

ဒီအကူအညီတွေထဲမှာတော့ သန့်ရှင်းတဲ့ သောက်သုံးရေသန့်ရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အကာအကွယ်၊ ပညာရေး၊ အမိုးအကာနဲ့ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်တုန်းက ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေကို မြန်မာ စစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်အောက်မှာ အကြမ်းဖက် သတ်ဖြတ်ခဲ့ တဲ့အတွက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ၂၀၁၉ နိုဝင်ဘာ ၁၁ ရက်က အမှုဖွင့်ခဲ့ပါတယ်။

အမေရိကန်ဟာ ၂၀၁၇ ခုနှစ်က စပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းမှာဖြစ်ခဲ့တဲ့ အ ကျပ်အတည်းဒဏ် ခံခဲ့ရသူတွေအတွက် အကူအညီတွေ ပေးအပ်နေခဲ့တာဖြစ်ပြီး လက်ရှိ အချိန်ထိ ဒီဒေသအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂  ဘီလီယံကျော်ထိ ထောက်ပံ့ ကူညီခဲ့ပြီးဖြစ်တယ်လို့ ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။

မြန်မာနိုင်ငံတဝန်း အရှိန်မြင့်တက်နေတဲ့ အကြမ်းဖက်မှုတွေက အလွန်စိုးရိမ်ရတဲ့ လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေအဖြစ် ဆိုးဝါးစွာ ပြောင်းလဲလာပြီး အ ထူးသဖြင့် ရိုဟင်ဂျာတွေ အပါအဝင် လူနည်းစု တိုင်းရင်းသားတွေနဲ့ ဘာသာရေးအသိုက် အဝန်းအတွက် အလွန်စိုးရိမ်စရာဖြစ်တယ်လို့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ခြောက် နှစ်ပြည့်မြောက်တဲ့ ပြီးခဲ့တဲ့ သြဂုတ် ၂၅ မှာ ဝန်ကြီး ဘလင်ကန်က ပြောထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့နိုင်ရေး အတွက် မြန်မာစစ်အုပ်စုနဲ့ လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုလသမဂ္ဂတို့ တွေ့ဆုံ ဆွေးနွေးထားကြပေမယ့် လက်ရှိအချိန်ထိ အစီအစဉ်တွေက အကောင်အထည် ပေါ်မလာနိုင်သေး ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013