DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင် ဝါဒဖြန့်ချန်နယ်များကို မီဒီယာသင်တန်းပေး
DVB
·
May 24, 2026
Photo: MOI
Photo: MOI
Donate to DVB

စစ်အာဏာရှင်တပ်ရဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ပြီး ကောင်းသတင်းတွေကိုပဲ ဝါဒဖြန့်နိုင်ဖို့အတွက် စစ်တပ်ဝါဒဖြန့်ချန်နယ်တွေကို နေပြည်တော်မှာ မေ ၁၈ ရက်ကနေ ၂၂ ရက်အထိ၊ ၅ ရက်တာ သင်တန်ပေးခဲ့တယ်လို့ နေပြည်တော် သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

၅ ရက်တာ မီဒီယာနှင့် စိတ်ပညာသင်တန်းကို စစ်အာဏာရှင်တပ် လက်အောက်ခံ ကာကွယ်ရေးနဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပူးပေါင်းကာ မီဒီယာဖွဲ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှာ သင်တန်းပေးခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော်သတင်းရင်းမြစ်တယောက်က "ပြည်ပသတင်းဌာနက တက်လာတဲ့ သတင်းတွေကို တန်ပြန်ဖို့အတွက် စစ်တပ်နဲ့ ပြန်ကြားရေးပေါင်းပြီး လော်ဘီချန်နယ်တွေကို သင်တန်းပေးတာပါ။ အဲ့မှာ တက်တဲ့သူအများစု တယ်လီဂရမ်မှာရှိတဲ့ တပ်လော်ဘီတွေရယ်၊ တန်ပြန်ဝါဒဖြန့်ချိရေးအဖွဲ့တွေရယ် အပြင်လူမပါဘူး စစ်တပ်က ဖေ့စ်ဘွတ်ခ်မှာ တိုးလို့ရမတော့ တယ်လီဂရမ်နဲ့ တစ်တော့မှာ တန်ပြန်ဝါဒဖြန့်ဖို့စီစဥ်တာ "လို့ ပြောပါတယ်။

အဆိုပါသင်တန်းကို အာဏာရှင်စစ်တပ်ရဲ့ တန်ပြန်ဝါဒဖြန့်ရေးအဖွဲ့မှာ ပါဝင်တဲ့ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာတင်က သင်ပေးတာဖြစ်ပြီး သဇင်ဦး၊ စနိုက်ပါဆု၊ အောင်ကျော်မိုး အစရှိတဲ့ ဝါဒဖြန့် တယ်လီဂရမ်ထောင်ထားသူတွေ တက်ရောက်ခဲ့ပါတယ်။

၂၀၂၆ ဇန်နဝါရီ ၃၁ ရက်က စစ်တပ်ကို တိုက်ခိုက်နေတဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ တုံ့ပြန်ချေဖျက်ဖို့အတွက် စစ်ခေါင်းဆောင်က ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့် ဦးဆောင်တဲ့ Information Sheet လို့ခေါ်တဲ့ တန်ပြန်ဝါဒဖြန့်ချိရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့တာပါ။

ဒီအဖွဲ့မှာ ကာကွယ်ရေး၊ စစ်ထောက်လှမ်းရေး၊ စစ်ဥပဒေချုပ်ရုံး၊ စိတ်ဓာတ်စစ်ဆင်ရေး၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ ပြန်ကြားရေး၊ ပြည်ထဲရေး၊ သတင်းအချက်လက်နဲ့ ဆိုက်ဘာလုံခြုံရေး၊ လေကျင့်ရေးအရာရှိချုပ်ရုံးက ညွှန်မှူးအဆင့်ကနေ ညွှန်ချုပ်အဆင့်တွေပါ ပါဝင်ပါတယ်။

information Sheet ရဲ့ အလုပ်တာဝန်က တိုင်းရင်းသားလက်နက်ကိုင်နဲ့ PDF ၊ NUG အဖွဲ့ရဲ့ သတင်းတွေကို တုံ့ပြန်ချေဖျက်ပြီး တပ်ရင်း၊ တပ်ဖွဲ့တွေ စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ ရေးသားထုတ်ပြန်ပေးရမှာ ဖြစ်သလို လူမှုကွန်ရက် (Social Media Platform) ပေါ်မှာ နည်းလမ်းမျိုးစုံနဲ့ ဖြန့်ချိသွားဖို့ပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013