DVB Logo
Home
Lead Story
အာရှအားကစားပြိုင်ပွဲတွင် မြန်မာက အားကစားနည်း ၁၀ မျိုး ၀င်ပြိုင်မည်
DVB
·
August 4, 2014
အာရှအားကစားပြိုင်ပွဲတွင် မြန်မာက အားကစားနည်း ၁၀ မျိုး ၀င်ပြိုင်မည်
Donate to DVB

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့မှာ ကျင်းပမယ့်  ၁၇ ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲမှာ မြန်မာအသင်းအနေနဲ့ အားကစားနည်း ၁၀ မျိုး ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး အားကစားတခုစီအလိုက် ကစားသမားနဲ့ အုပ်ချုပ်နည်းပြအပါအ၀င် ၉၅ ဦးလောက်ကို ရွေးချယ် လေ့ကျင့်နေကြတာ ဖြစ်ပါတယ်။

14533_AX_Fနေပြည်တော်က ဂိုးစ်ကမ့်မှာ လေ့ကျင့်နေ ကြပြီး ၀င်ရောက်ယှဉ်ပြိုင်မယ့် ကစားနည်းတွေကတော့ နပန်း၊ ဂျူဒို၊ မြားပစ်၊ ဘော် လီဘော၊ တိုက်ကွမ်ဒို၊ ၀ူရှူး၊ ပိုက်ကျော်ခြင်း၊ သေ နတ်ပစ်၊ ပြေးခုန်းပစ်နဲ့ အလေးမတို့ ပါဝင်တယ် လို့ နေပြည်တော် ယှဉ်ပြိုင်ရေးနဲ့ လေ့ကျင့်ရေး အဖွဲ့က ပြောပါတယ်။

ရွေးချယ်ထားပြီးတဲ့ အားကစားသမားတွေဟာ ၁၇ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ကျင်းပမယ့် အင်ချွန်းကို မြန်မာပြည်ကနေ အစောဆုံး လာမယ့် စက်တင်ဘာ ၁၆ ရက်နေ့လောက်မှာ ထွက်ခွာဖို့ ရှိနေပါတယ်။

၁၇ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမှာ စက်တင်ဘာ ၁၉  ရက်နေ့ကနေ အောက်တိုဘာ ၄ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပြီး မြန်မာအပါအ၀င် အာရှမှ နိုင်ငံပေါင်း  ၄၅ နိုင်ငံ ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013