
တရုတ်နိုင်ငံ မကာအို အထူးအုပ်ချုပ်ရေးဒေသမှာ ယွမ်ငွေ ၅ ဘီလီယံနဲ့ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၆၈၅ သန်းလောက် တန်ဖိုးရှိတဲ့ အစိုးရငွေချေးစာချုပ်တွေကို တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်မှာ ထုတ်ရောင်းလိုက်ပါတယ်။
ယွမ် ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၄၈ သန်းဖိုး) နှစ်နှစ်စာချုပ်တွေနဲ့ ယွမ် ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၃၇ သန်းဖိုး) ငါးနှစ်စာချုပ်တွေကို ထုတ်ရောင်းလိုက်တာပါ။
ခုအကြိမ်ဟာ အစိုးရ ငွေချေးစာချုပ်တွေကို တရုတ်အစိုးရက ထုတ်ရောင်းရတာ တတိယအကြိမ်မြောက်ဖြစ်ပြီး မကာအိုမှာထုတ်ဝေမယ့် ယွမ်ငွေချေးစာချုပ်တွေထဲမှာ ပမာဏအများဆုံး ဖြစ်ပါတယ်။
ဗဟိုအစိုးရက မကာအိုမှာ ၂၀၁၉ နဲ့ ၂၀၂၂ ခုနှစ်တွေတုန်းက ယွမ်ငွေစုငွေချေးစာချုပ်တွေ အသီးသီး ထုတ်ပေးခဲ့ဖူးပါတယ်။
ဒါဟာ မကာအို ငွေချေးစာချုပ် ဈေးကွက်ရဲ့ ဆွဲဆောင်မှုအား မြှင့်တင်ဖို့၊ မကာအို ငွေချေးစာချုပ်စျေးကွက်ကို မြှင့်တင်ဖို့နဲ့ မကာအိုမှာရှိတဲ့ (RMB) ငွေကြေးစျေးကွက် ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးဖို့ဖြစ်တယ်လို့ တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယွမ်ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းပေးတာဟာ တရုတ်ပြည်မကြီးနဲ့ မကာအိုကြား ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူတွေကို လုံခြုံပြီး တည်ငြိမ်တဲ့ ရင်းနှီးမြှုပ်နှံမှု ရွေးချယ်ခွင့်တွေ ပေးအပ်မယ်လို့လည်း ဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့ပါတယ်။
Source/Photo-Reuters