
တီဟီရန်ရဲ့ ၂၀၁၅ နျူးကလီးယား သဘောတူညီချက်ကို ပြန်လည်အသက်သွင်းဖို့ အမေရိကန်အနေနဲ့ စိတ်ကောင်းစေတနာနဲ့ စိတ်ရင်းဆန္ဒအမှန်ကို သက်သေပြသင့်တယ်လို့ အီရန်သမ္မတ အီဘရာဟင်မ်ရေးစီက စက်တင်ဘာ ၁၉ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောပါတယ်။
ကာလရှည်ကြာ ရန်သူတော်တွေအကြား လပေါင်းများစွာ သွယ်ဝိုက်ဆွေးနွေးမှုတွေဟာ ဘယ်နေရာကိုမှ ဦးဆောင်နိုင်ခဲ့ခြင်း မရှိတာကြောင့်လို့ ဆိုပါတယ်။
၂၀၁၈ ခုနှစ် သဘောတူညီချက်ဟာ တီဟီရန်အပေါ် သဘောထားကြီးလွန်းတယ်လို့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ပ်က စောဒကတက်ကာ ပယ်ချခဲ့ပြီး အီရန်အပေါ် ပြင်းထန်တဲ့ အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်လည်လုပ်ဆောင်ခဲ့တာကြောင့် တီဟီရန်ကလည်း သဘောတူညီချက်ရဲ့ နျူးကလီးယား ကန့်သတ်ချက်တွေကို ဖြည်းဖြည်းချင်း ချိုးဖောက်ခဲ့ပါတယ်။
အီရန်သမ္မတ အီဘရာဟင်မ် ရေးစီက“ပူးတွဲ ဘက်စုံလုပ်ဆောင်မှု အစီအစဉ် JCPOA ကနေ အမေရိကရဲ့ ထွက်ခွာခဲ့မှုဟာ သဘောတူညီချက်ရဲ့ အဓိကအခြေခံကို ချိုးဖောက်မှုဖြစ်ကြောင်းနဲ့ လုံခြုံရေးကောင်စီက အတည်ပြုထားပြီးသား ဆုံးဖြတ်ချက် ၂၂၃၁ ပါ ပြဋ္ဌာန်းချက်တွေကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ပြီးတော့ အမေရိကန်အစိုးရဟာ JCPOA လက်အောက်ရှိ သူ့တာဝန်တွေကို ကျေပွန်အောင် ဆောင်ရွက်ရမှာကို ရှောင်ကြဉ်ခဲ့ကြောင်း” ပြောပါတယ်။
အမေရိကန်ရဲ့ ဒီပိတ်ဆို့အရေးယူမှုတွေက တိုးတက်မှုလမ်းကြောင်းမှာ ရှိနေတဲ့ အီရန်ရဲ့ ဆုံးဖြတ်ချက်ကို သက်ရောက်မှုမရှိကြောင်းနဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ရဲ့ အကျပ်အတည်းကို အဆုံးသတ်ပြီး မှန်ကန်တဲ့လမ်းကြောင်းကို ရွေးချယ်ဖို့ အမေရိကအတွက် အချိန်ကျလာပြီဖြစ်ကြောင်းလည်း အီရန်သမ္မတက ပြောပါတယ်။
အီရန်သမ္မတ ရေးစီ မိန့်ခွန်းစတင်ပြောလိုက်ပြီးပြီးချင်းမှာပဲ ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံတမန် ဂီလဒ်အာရ်ဒန်ဟာ အီရန်ရဲတွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံရမှုကြောင့် သေဆုံးသွားခဲ့တဲ့ ကာ့ဒ်အမျိုးသမီးငယ် မာဆာအာမီနီရဲ့ရုပ်ပုံကို ဝှေ့ယမ်းပြီးတော့ အထွေထွေညီလာခံ ခန်းမထဲကနေ ထွက်သွားခဲ့ပါတယ်။
ယူကရိန်းနဲ့ ရုရှားကြား စစ်ပွဲနဲ့ပတ်သက်ပြီး အီရန် အစ္စလာမ္မစ်သမ္မတနိုင်ငံ ရပ်တည်ချက်ကတော့ ဘယ်လိုပဋိပက္ခမဆိုရဲ့ ဖြေရှင်းနည်းတခုဟာ စစ်ပွဲကို ငြင်းပယ်ခြင်းပဲလို့ ထပ်ပြောသွားပါတယ်။
ဥရောပက စစ်ပွဲဟာ ဘယ်ဥရောပနိုင်ငံတွေရဲ့ အကျိုးစီးပွားလို့ မယူဆထားဘူးလို့လည်း ပြောသွားပါတယ်။
Source/Photo-Reuters











