DVB Logo
Home
အားကစား
မြောက်ကိုရီးယားဘောလုံးအသင်း နိုင်ငံတကာပွဲ ပထမဆုံးအကြိမ် ပြန်ကစား
DVB
·
September 20, 2023
မြောက်ကိုရီးယားဘောလုံးအသင်း နိုင်ငံတကာပွဲ ပထမဆုံးအကြိမ် ပြန်ကစား
Donate to DVB

မြောက်ကိုရီးယား အမျိုးသားဘောလုံးအသင်းဟာ ကိုဗစ်-၁၉ ကြောင့် နယ်စပ်ဂိတ်တေွ ပိတ်ပြီးတဲ့နောက် ၄ နှစ်ကြာမှ ပထမဆုံးအနေနဲ့ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ဟန်ကျိုး အာရှအားကစားပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။

​၄ နှစ်ကြာမှ ပထမဆုံး ပြန်ကစားခဲ့တဲ့ မြောက်ကိုရီးယားအသင်းဟာ စက်တင်ဘာ ၁၉ ရက်နေ့မှာ တရုတ်တိုင်ပေအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မြောက်ကိုရီးယား အမျိုးသားဘောလုံးအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ၂၀၁၉ မှာ ကစားခဲ့တဲ့ လက်ဘနွန်နဲ့ သရေကျခဲ့တဲ့​ပွဲပြီးတည်းက နိုင်ငံတကာပွဲ မကစားရတော့ဘဲ အခုမှ ပထမဆုံးအကြိမ် ပြန်ကစားခဲ့ရတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားအစိုးရရဲ့ ကိုဗစ်-၁၉ အကြောင်းပြပြီး နယ်စပ်ဂိတ် ပိတ်လိုက်တာကြောင့် ၂၀၂၀ တိုကျိုအိုလံပစ်၊ ၂၀၂၂ ပေကျင်းအိုလံပစ်နဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားတို့ကို ပါဝင်ယှဥ်ပြိုင်ရခြင်း မရှိတော့ပါဘူး။

မြောက်ကိုရီးယား အားကစားအသင်းဟာ ဟန်ကျိုး အာရှအားကစားပွဲမှာ ဘောလုံး၊ ဂျူဒိုနဲ့ ဘော်လီဘော စတဲ့ အားကစားနည်း ၃မျိုး ဝင်ရောက်ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

၁၉ ကြိမ်မြောက် ၂၀၂၂ ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၂၃ ရက်ကနေ အောက်တိုဘာ ၈ ​ရက်ထိ တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Photo-19th Asian Games Hangzhou 2022

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013