DVB Logo
Home
မြန်မာသတင်း
မီဇိုရမ်တွင် မြန်မာ ၁ ဦးကို  ရူပီးသန်း ၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများနှင့်အတူ ဖမ်းမိ
DVB
·
September 20, 2023
မီဇိုရမ်တွင် မြန်မာ ၁ ဦးကို  ရူပီးသန်း ၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများနှင့်အတူ ဖမ်းမိ
Donate to DVB

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇော်ကော့သာကျေးရွာမှာ မြန်မာနိုင်ငံသား အမျိုးသား တယောက်ကို  ရူပီးငွေ သန်း ၃၀၀ ကျော်တန်ဖိုးရှိတဲ့ မက်သာဖက်တမင်းဆေးပြား ၁,၀၀၀,၀၀၀ နဲ့ အတူ အာသံရိုင်ဖယ်တပ်ရင်းက စက်တင်ဘာ ၁၈ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ India Today သတင်းမှာဖော်ပြပါတယ်။

အာသံရိုင်ဖယ်တပ်ရင်းဟာ သတင်းအရ ဇော်ကော့သာကျေးရွာကို စက်တင်ဘာ ၁၈ ရက်က ဝင်ယောက်စီးနင်းပြီး အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသားတဦးကို ရူပီးသန်း ၃၀၀ တန်တဲ့ မူးယစ်ဆေးဝါး ၁၀ ကီလိုဂရမ်နဲ့အတူ ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားကို အာသံရိုင်ဖယ်တပ်က ဇော်ကော့သာရဲစခန်းကို လွဲပြောင်းထားပြီး ဆက်လက်စစ်ဆေးအ​ရေးယူသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၁၅ ရက် ကလည်း မီဇိုရမ်ပြည်နယ် ဇော်ကော့သာကျေးရွာမှာ မြန်မာနိုင်ငံသားတွေထံကနေ ရူပီး ၁၀၀,၀၀၀ ကျော်တန်ဖိုးရှိတဲ့ နိုင်ငံခြားအရက်ပုလင်း ၃၀ ကို သိမ်းဆည်းမိခဲ့ပါ သေးတယ်။

Source/Photo.India Today

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013