DVB Logo
Home
နိုင်ငံတကာ
ချင်းရိုင်း၌ မူးယစ်မှောင်ခိုသမားနှင့် ရဲတပ်ဖွဲ့ ပစ်ခတ်မှုဖြစ်၊ ၂ ဦး သေဆုံးပြီး အိုက်စ်မူးယစ်ဆေး ၁ တန် ဖမ်းမိ
DVB
·
September 20, 2023
ချင်းရိုင်း၌ မူးယစ်မှောင်ခိုသမားနှင့် ရဲတပ်ဖွဲ့ ပစ်ခတ်မှုဖြစ်၊ ၂ ဦး သေဆုံးပြီး အိုက်စ်မူးယစ်ဆေး ၁ တန် ဖမ်းမိ
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ ဝိန်းချိုင်းမြို့ထဲမှာ စက်တင်ဘာ ၁၉ ရက် ညက မူးယစ်ဆေး သယ်ဆောင်သူနဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှုဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကာ မူးယစ်သယ်ဆောင်သူကို အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ 

အဲဒီနောက် အိုက်စ်မူးယစ်ဆေး အလေးချိန်  ၁ တန်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မယ်ဆိုင်ဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ မူးယစ်ဆေးသယ်မယ့်အကြောင်း ကြိုတင်သတင်းရလို့ အမှတ် (၃) မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့တာဝန်ရှိသူတွေဟာ မသင်္ကာဖွယ် ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးနေခဲ့ကြတာပါ။

ည ၉ နာရီခွဲလောက်မှာတော့ မဲ့ယောင်းအုပ်စုဘက်ကနေ အနက်ရောင် ကား ၁ စီး ဝင်ရောက်လာပြီး တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်မိန့်ပေးခဲ့ပေးတာကို ရပ်မပေးတဲ့အပြင် အရှိန်မြှင့် မောင်းပြေးသွားတယ်လို့  တာဝန်ရှိသူက  သတင်းထောက်ကို ပြောပါတယ်။ 

ဒါကြောင့် ရဲကားနဲ့ လိုက်လံဖမ်းဆီးရာမှာ အဆိုပါကားဟာ ဝိန်းချိုင်းမြို့ထဲဝင်သွားပြီး လမ်းဘေးဓာတ်မီးတိုင်နဲ့ စားသောက်ဆိုင်ရဲ့ ဆိုင်းဘုတ်ကိုပါ ဝင်တိုက်မိခဲ့ကြောင်း၊ ကားပျက်သွားတဲ့အခါမှာ ကားထဲပါလာသူက တာဝန်ရှိသူတွေက သေနတ်နဲ့ စတင်ပစ်ခတ်ရာက နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါပစ်ခတ်မှုမှာ မူးယစ်ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ချင်းရိုင်းပချားနုခေါ့ ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပေမဲ့ ရဲတပ်ကြပ်ကြီးအဆင့်ရှိသူမှာ သေဆုံးသွားခဲ့ပါတယ်။ 

မူးယစ်သယ်ဆောင်တဲ့ဘက်က လက်နက်မချတဲ့အတွက် အသေပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း၊  သေဆုံးသူဟာ အသက် ၅၁ နှစ်ရွယ်ရှိ ကျနွယ် ဖြစ်ပြီး ချင်းမိုင်ခရိုင် ချိုင်းပကန်းမြို့နယ်က ဖြစ်ပါတယ်။

သူ့ရဲ့ကားကို စစ်ဆေးရာမှာတော့ အိတ်အလုံးပေါင်း ၅၀ တွေ့ရှိပြီး အိတ် ၁ လုံးကို အိုက်စ်မူးယစ်ဆေး ၂၀ ကီလိုဂရမ်နဲ့ စုစုပေါင်း ၁၀၀၀ ကီလိုဂရမ် (တန်ချိန် ၁ တန်) ကို ဖမ်းဆီးရမိပါတယ်။ 

ရှေ့ပြေးလမ်းပြကား ၁ စီးကတော့ ချင်းရိုင်းခရိုင် ဖယားမိန်းရိုင်းမြို့နယ်ထဲ ဝင်ရောက် ပျောက်ကွယ်သွားလို့ ဆက်လက်စစ်ဆေးရှာဖွေနေကြောင်း၊ ဖမ်းဆီးရမိ မူးယစ်ဆေးတွေကိုတော့ ဝိန်းချိုင်းရဲစခန်းကနေတဆင့် ဗဟိုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနချုပ်ထံ ပို့ဆောင်သွားမယ်လို့ ထိုင်း သတင်းမှာ ဖော်ပြပါတယ်။ 

ကိုးကား - ထိုင်းရတ်/PPTVHD36

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013