DVB Logo
Home
နိုင်ငံတကာ
နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ဆိုင်ဘာဖောက်ထွင်းခံရ
DVB
·
September 20, 2023
နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ဆိုင်ဘာဖောက်ထွင်းခံရ
Donate to DVB

နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (အိုင်စီစီ) မှာ ဆိုင်ဘာဖောက်ထွင်းဝင်ရောက်မှု ဖြစ်ခဲ့တယ်လို့  အိုင်စီစီက စက်တင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။

ကမ္ဘာ့အကျော်ကြားဆုံး နိုင်ငံတကာ အဖွဲ့အစည်းတွေထဲက တခုဖြစ်တဲ့ အိုင်စီစီက  ဟက်ကာတွေ ဖောက်ထွင်းဝင်ရောက်တဲ့ ဖြစ်ရပ်ကို ထုတ်ဖော်ခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က အိုင်စီစီရဲ့ ကွန်ပျူတာကွန်ရက်မှာ ပုံမှန်မဟုတ်တဲ့ လုပ်ဆောင်ချက်တွေကို စပြီး တွေ့ခဲ့တယ်လို့ အိုင်စီစီက ပြောခဲ့ပါတယ်။ ပုံမှန်မဟုတ်တဲ့ လုပ်ဆောင်ချက်တွေ ဆက်ဖြစ်နေလို့ တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ဆိုင်ဘာဖောက်ထွင်းမှုကို အပြည့်အဝ ဖြေရှင်းပြီးပြီလား၊ နောက်ကွယ်မှာ ဘယ်သူရှိသလဲ ဆိုတာတွေကို အိုင်စီစီ ပြောရေးဆိုခွင့်ရှိသူတဦးက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

အိုင်စီစီဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းဖို့ ၂၀၀၂ ခုနှစ်မှာ နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့မှာ တည်ထောင်ခဲ့တဲ့ အမြဲတမ်း စစ်ရာဇဝတ်မှု ခုံရုံး ဖြစ်ပါတယ်။

ယူကရိန်း၊ ယူဂန်ဒါ၊ ဗင်နီဇွဲလား၊ အာဖဂန်နစ္စတန်နဲ့ ဖိလစ်ပိုင်တို့ အပါအဝင် တခြားနိုင်ငံတွေက အခြေအနေတွေနဲ့ ပတ်သက်ပြီး တရားရုံးက အစိုးရရှေ့နေတွေဟာ အမှု ၁၇ ခုကို စုံစမ်းစစ်ဆေးနေပါတယ်။

ယူကရိန်းနိုင်ငံက ကလေးတွေကို တရားမဝင် ပြန်ပို့တယ်ဆိုတဲ့ သံသယနဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို အိုင်စီစီက မတ်လမှာ ဖမ်းဝရမ်းထုတ်ခဲ့လို့ ဒီသတင်းဟာ မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းသတင်း ဖြစ်လာခဲ့ပါတယ်။ ရုရှားသမ္မတ နန်းတော်ကတော့ စွပ်စွဲချက်တွေနဲ့ တရားရုံးရဲ့ စီရင်ပိုင်ခွင့်ကို ပယ်ချခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013