DVB Logo
Home
မြန်မာသတင်း
မြန်မာ ၆ ဦးပါသည့် စင်ကာပူသင်္ဘော ပြန်ပေးများလက်မှ လွတ်မြောက်
DVB
·
August 4, 2014
မြန်မာ ၆ ဦးပါသည့် စင်ကာပူသင်္ဘော ပြန်ပေးများလက်မှ လွတ်မြောက်
Donate to DVB

အာဖရိကမှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ စင်ကာပူသင်္ဘောပေါ်က မြန်မာသင်္ဘောသား ၆ ဦး အပါအ၀င် သင်္ဘောသား ၂၁ ဦး သြဂုတ် ၃ ရက်နေ့က ဘေးအန္တရာယ် ကင်းစွာ ပြန်လွတ်လာတယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဌာနရဲ့  အပြောကို ကိုးကားပြီး  ကိုရီးယား ယွန်ဟပ်သတင်းမှာ ဖော်ပြပါတယ်။

တန်ချိန် ၃၂၀၀ ရှိတဲ့  လောင်စာဆီတင် သင်္ဘောဟာ  နိုင်ဂျီးရီးယားကိုအသွား ဇူလိုင် ၂၆ ရက်နေ့က အာဖရိကအနောက်ပိုင်း ဂါနာရေပိုင်နက်ထဲမှာ  လက်နက်ကိုင် ပင်လယ် ဓားပြတွေရဲ့ ပြန်ပေးဆွဲခံခဲ့ရတာပါ။

ဒီသင်္ဘောပေါ်မှာ တောင်ကိုရီးယား သင်္ဘောကပ္ပတိန်နဲ့ အင်ဂျင်နီယာချုပ်၊ တရုတ်သင်္ဘောသား  ၁၂ ဦး၊  မြန်မာသင်္ဘောသား ၆ ဦးနဲ့ စင်ကာပူနိုင်ငံသား ၁ ဦးတို့ လိုက်ပါသွားတာပါ။

ဒီသင်္ဘောသားတွေအားလုံး ထိခိုက်ဒဏ်ရာရမှု မရှိကြောင်းနဲ့ လောင်စာဆီတချို့ ခိုးယူခံရပုံ ရတယ်လို့ ကိုရီးယားသတင်းမှာ ရေးပါတယ်။

ဒါပေမယ့်  ပြန်ပေးသမားတွေကို ငွေဘယ်လောက်ပေးခဲ့ရတယ် ဆိုတာကိုတော့ ပြောဆိုခြင်းမရှိပါဘူး။

နိုင်ငံတကာ ရေးကြောင်းဗျူရို ဌာနကတော့ နိုင်ဂျီးရီးယား ပင်လယ်ဓားမြတွေဟာ ၂၀၀၈ ခုနှစ်ကတည်းက ဒေသတွင်းမှာ ဖြစ်ခဲ့တဲ့ ပြန်ပေးဆွဲမှု ၅၁ မှုအနက်  ၃၁ ခုကို ကျူးလွန်ခဲ့တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013