DVB Logo
Home
နိုင်ငံတကာ
တရုတ် သတင်းအချက်အလက်ဥပဒေအပေါ် အီးယူလုပ်ငန်းရှင်များ စိုးရိမ်
DVB
·
September 19, 2023
တရုတ် သတင်းအချက်အလက်ဥပဒေအပေါ် အီးယူလုပ်ငန်းရှင်များ စိုးရိမ်
Donate to DVB

ဥရောပသမဂ္ဂက စီးပွားရေးလုပ်ငန်းရှင်တွေဟာ တရုတ်နိုင်ငံရဲ့ ရှင်းလင်းပြတ်သားမှုမရှိတဲ့ သတင်းအချက်အလက် ဥပဒေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြတယ်၊ ဥပဒေတွေဟာ ရှင်းရှင်းလင်းလင်းမရှိဘဲ ကုမ္ပဏီတွေ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေက ရှည်လျားနေတယ်လို့ ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗေရာ ဂျော်ရိုဗာက စက်တင်ဘာ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။

ဂျော်ရိုဗာက “ဥရောပစီးပွားရေးလုပ်ငန်းရှင်တွေက ဥပဒေကို နားလည်ပြီး လိုက်နာမှု အားနည်းတာကို ရှောင်ရှားနိုင်စေမယ့် သတင်းအချက်အလက်လင့်ခ်မျိုး ဖန်တီးဖို့ အဆိုပြုချက်နဲ့အတူ တရုတ်အာဏာပိုင်တွေဆီ ပြန်သွားမှာပါ” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တရုတ်အစိုးရဟာ အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ လွှဲပြောင်းခြင်းကို တားမြစ်တာနဲ့ သူလျှိုလုပ်ခြင်းအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်တို့ကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်တာ အပါအဝင် ကျယ်ပြန့်တဲ့ နောက်ဆုံး မွမ်းမံမှုတွေနဲ့အတူ တရုတ်နိုင်ငံရဲ့ တန်ပြန်သူလျှိုဥပဒေကို ဇူလိုင်လမှာ တိုးချဲ့ခဲ့ပါတယ်။

တရုတ်ဟာ ဒစ်ဂျစ်တယ်နယ်ပယ် အပါအဝင် နယ်ပယ်တွေမှာ မိတ်ဘက်၊ ပြိုင်ဘက်နဲ့ စနစ်ကျတဲ့ပြိုင်ဘက် ဖြစ်တယ်လို့လည်း ဂျော်ရိုဗာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013