DVB Logo
Home
မြန်မာသတင်း
‘ဝ’ ဥအစိုကို စက်တင်ဘာလကုန်ပိုင်း ဈေးဖွင့်ဝယ်ယူနိုင် 
DVB
·
September 19, 2023
‘ဝ’ ဥအစိုကို စက်တင်ဘာလကုန်ပိုင်း ဈေးဖွင့်ဝယ်ယူနိုင် 
Donate to DVB

‘ဝ’ ဥ အစိုတွေကို အခုစက်တင်ဘာလကုန်ပိုင်းလောက်မှာ စက်ရုံတွေကနေ ဈေးဖွင့် ဝယ်ယူသွားဖွယ်ရှိတယ်လို့  ‘ဝ’  ဥစိုက်ပျိုးထုတ်လုပ်ရောင်းချသူ‌များ အသင်းက‌နေ သိရပါတယ်။

‘ဝ’ ဥ စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း တာဝန်ရှိသူတဦးက “ပုံမှန်က ဒီချိန်ဆို ဝယ်နေကြပြီ။ ဒီနှစ်က ငွေဈေးအခြေအနေတွေရယ် တင်ပို့မှု အခြေအနေတွေကြောင့် မဝယ်သေးတာလို့ ထင်တယ်။ ဒီလကုန်ပိုင်းလောက် ဝယ်မယ်လို့ သိရတယ်။ ချင်းဘက်က စက်ရုံတွေကတော့ ဒီဇင်ဘာလောက် ဝယ်မယ်လို့ ပြောကြတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ‌ဈေးကောင်းမရခဲ့တဲ့အတွက် ‘ဝ’ ဥ စိုက်ပျိုးထုတ်လုပ်သူတွေ အနေနဲ့လည်း ‘ဝ’ ဥ တူးဖော်မှုကို ခေတ္တနားထားပြီး ဒေသတွင်း အနည်းငယ်သာ အရောင်းအဝယ် ရှိကြတယ်လို့ သိရပါတယ်။

ပြည်တွင်းဈေးကွက်မှာ အရောင်းအဝယ် ပြုလုပ်နေတဲ့ ‘ဝ’ ဥအမျိုးအစား သုံးမျိုးရှိပြီး အနီ၊ အဝါနဲ့ အဖြူရောင်တို့ဖြစ်ကာ အနီရောင်ကို ပထမတန်းစား၊ အဝါရောင်ကို ဒုတိယတန်းစားနဲ့ အဖြူရောင်ကို တတိယတန်းစားအဖြစ် သတ်မှတ်ထားပါတယ်။

ချင်းပြည်နယ်ဘက်မှာ စိုက်ပျိုးသူတဦးက “ပေးတဲ့ဈေးတွေက နည်းတော့ မဖော်သေးဘူး။ ဈေးမကောင်းတာ ၂ နှစ်လောက်ရှိပြီ။ အခုရောင်းလည်း စရိတ်တွေနဲ့ မကာမိပါဘူး” လို့ ပြောပါတယ်။

လှောင်လက်တွေက ‘ဝ’  ဥ အစိုတွေကို တပိဿာ ကျပ် ၇၀၀ ကနေ ၁,၀၀၀ ကြား‌‌ ပေးဝယ်မှုတွေ ရှိနေပြီး တရားဝင် စက်ရုံပေါက်ဈေး အနေနဲ့ တပိဿာကို ကျပ် ၂,၀၀၀ နဲ့ အထက် ဝယ်ယူမှသာ အဆင်ပြေမယ်လို့ စိုက်ပျိုးသူတချို့က ပြောပါတယ်။

‘ဝ’  ဥကို တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း တို့မှာ အဓိကစိုက်ပျိုးပြီး ‘ဝ’ ဥအစိုတွေကို တရုတ်နိုင်ငံဆီ အဓိက တင်ပို့ရောင်းချကာ ‘ဝ’ ဥခြောက်ကိုတော့ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ကို တင်ပို့ရောင်းချကြ​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013